Isaiah 44:10
ဘုရား ကို လုပ် သောသူ၊ အကျိုး မ ပေးနိုင်သော ရုပ်တု ဆင်းတုကို သွန်း သောသူကား အဘယ်သူ နည်း။
မြန်မာကျမ်းစာ
In The King James Version
Who hath formed a god, or molten a graven image that is profitable for nothing?
In Context
Cross References
1 Kings 12:28သူတပါးနှင့်တိုင်ပင် ၍ ရွှေ နွား သငယ်နှစ် ကောင်ကို လုပ် ပြီးလျှင် ၊ သင် တို့သည် ယေရုရှလင် မြို့သို့ သွား ရသောအမှုခက် လှ၏။ အို ဣသရေလ အမျိုး၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော ဘုရား တို့ကို ကြည့်ရှု ကြ လော့ဟု ဆို လျက်၊
Isaiah 41:29သူ တို့သည် အကြွင်းမဲ့အနတ္တ ဖြစ်ကြ၏။ သူ တို့ အမှု များလည်း၊ အဘယ်မျှမဟုတ်။ သူတို့သွန်းသော ရုပ်တု တို့လည်း အတ္တမရှိ၊ လေ သက်သက်ဖြစ်ကြ၏။
Jeremiah 10:5သူသည် စွန်ပလွံ ပင်ကဲ့သို့ ခိုင်မာ၍ စကား မ ပြော တတ်။ မိမိအလိုအလျောက်မ သွား နိုင်သောကြောင့် ၊ ထမ်း ၍သွား ရ၏။ ထို အရာတို့ကို မ ကြောက် ကြနှင့် ။ အန္တရာယ် ကိုမ ပြုနိုင်။ ကျေးဇူး ကိုလည်း မ ပြုနိုင်။
Daniel 3:14ဟယ်၊ ရှာဒရက် ၊ မေရှက် ၊ အဗေဒနေဂေါ တို့၊ ငါ ၏ဘုရား တို့ကို ဝတ် မ ပြုလော။ ငါတည် ထားသော ရွှေ ရုပ်တု ကို မ ကိုးကွယ် လော။
Acts 19:26ယခုတွင် ထို ပေါလု က၊ လူလက် ဖြင့် လုပ် သမျှ တို့သည် ဘုရား မ ဟုတ် ဟု ဆို သဖြင့်၊ ဧဖက် မြို့မှစ၍အာရှိ ပြည် တရှောက် လုံးကုန်မတတ် ၊ လူ အပေါင်း တို့ကို ဖြားယောင်း သွေးဆောင်သည်ကို သင်တို့သည် မြင် လျက်၊ ကြား လျက်ရှိကြ၏။