Isaiah 41:29
သူ တို့သည် အကြွင်းမဲ့အနတ္တ ဖြစ်ကြ၏။ သူ တို့ အမှု များလည်း၊ အဘယ်မျှမဟုတ်။ သူတို့သွန်းသော ရုပ်တု တို့လည်း အတ္တမရှိ၊ လေ သက်သက်ဖြစ်ကြ၏။
မြန်မာကျမ်းစာ
In The King James Version
Behold, they are all vanity; their works are nothing: their molten images are wind and confusion.
In Context
Cross References
1 Samuel 12:21ကျေးဇူး မ ပြု မ ကယ်တင် နိုင်၊ အချည်းနှီး ဖြစ်သော အရာတို့နောက် သို့ လမ်း လွှဲ၍ မ လိုက်ကြနှင့်။ ထိုသို့သောအရာသည် အချည်းနှီး သက်သက်ဖြစ်၏။
Psalms 115:4သူ တို့၏ရုပ်တု များမူကား ငွေ လည်းဖြစ်၏။ ရွှေ လည်း ဖြစ်၏။ လူ လက် ဖြင့် လုပ် သောအရာပေတည်း။
Isaiah 41:24သင် တို့သည် အဘယ် မျှမဟုတ်သော အရာ ထက်သာ၍ယုတ်မာ ကြ၏။ သင် တို့အမှု လည်း ၊ အဘယ်မျှ မဟုတ်သော အမှုထက်သာ၍ယုတ်မာ ၏။ သင် တို့ကို ရွေး ယူသောသူသည် ရွံ့ရှာ ဘွယ် ဖြစ်၏။
Isaiah 46:7ထို ဘုရားကို ပခုံး ပေါ် မှာ ထမ်း ၍ ဆောင် သွားသဖြင့် သူ့ နေရာ ၌ ထား ကြ၏။ သူသည်လည်း မတ်တတ် နေ၏။ သူ ၏နေရာ မှ သူမ ရွေ့ နိုင်။ သူ့ ကို အော်ဟစ် သော်လည်း ၊ သူသည် မ ထူး။ ဒုက္ခ ဆင်းရဲထဲက မ ကယ် မနှုတ်နိုင်။
Jeremiah 10:2ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သာသနာပ လူတို့၏ ဘာသာ ဓလေ့၌ မ ကျင်လည် ကြနှင့်။ သာသနာပ လူတို့ ထိတ်လန့် ကြောက်တတ်သော မိုဃ်း ကောင်းကင်နိမိတ် တို့မှ မ ထိတ်လန့် မကြောက်ကြနှင့်။
Zechariah 10:2တေရပ်ရုပ်တု တို့သည် အနတ္တ စကားကို ပြော ကြ၏။ ပရောဖက် လုပ်သောသူတို့ သည် မုသာ ရူပါရုံကိုမြင် ၍ ၊ မ မှန်သော အိပ်မက် ကို ဟောပြော ကြ၏။ အချည်းနှီး နှစ်သိမ့် စေကြ၏။ ထိုကြောင့် ၊ သိုးစု ကဲ့သို့ လည် သွား၍ သိုးထိန်း မ ရှိသောကြောင့် ဆင်းရဲ ခံရကြ၏။