Isaiah 44:13
လက်သမား သည် မျဉ်း ချ လျက် စူး နှင့် မှတ်သား ၍၊ လက်သမား တန်ဆာနှင့် လုပ် ပြီးလျှင်၊ အိမ်၌နေစေ ခြင်းငှါကွန်ပါ နှင့် ရေးသား ၍ ၊ လူ အသရေ ပါ အောင် လူ ပုံ သဏ္ဌာန်နှင့်အညီ ထု လုပ်တတ်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 31:30ယခု မှာ၊ သင် သည် မိဘ အိမ် ကို အလွန် အောက်မေ့ သောကြောင့် ၊ သွား ရသည် ဟုတ်စေတော့။ ငါ ၏ ဘုရား တို့ကို အဘယ်ကြောင့် ခိုးယူ ခဲ့ရသနည်းဟု ယာကုပ် ကို ဆို၏။
Genesis 35:2ထိုအခါ ယာကုပ် သည် အိမ်သူ အိမ်သားများနှင့် ၊ မိမိ ၌ ရှိသောသူ အပေါင်း တို့ကို ခေါ် ၍၊ သင် တို့တွင် ပါ သော၊ တပါး အမျိုးသားတို့၏ ဘုရား တို့ကို ပယ် ပစ် ကြလော့။ အဝတ် ကို လဲ ၍ သန့်ရှင်း ခြင်း ရှိစေကြလော့။
Deuteronomy 4:16နောက်တဖန် သင်တို့သည် လူယောက်ျား ၊ လူမိန်းမ သဏ္ဍာန်၊
Deuteronomy 27:15ထာဝရဘုရား စက်ဆုပ် ရွံရှာသောအရာ၊ လက်သမား လက် နှင့် ထု လုပ်သော ရုပ်တု ၊ သွန်း သော ဆင်းတုကို လုပ်၍ မ ထင်ရှားသော အရပ်၌ ထား သောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
Judges 18:24မိက္ခါက၊ သင်တို့သည် ငါလုပ် သော ဘုရား တို့နှင့် ယဇ် ပုရောဟိတ်ကို ယူ သွား ကြသည်တကား။ ထိုအရာမှတပါး ငါ ၌ အဘယ် အရာရှိသေးသနည်း။ သို့သော်လည်းသင်တို့က၊ အဘယ် အခင်း ရှိသနည်း ဟု ငါ့ ကို မေး ကြသည်တကားဟု ဆို လေသော်၊
Isaiah 41:7ထိုသို့ ပန်းတဉ်း သမားသည် ပန်းထိမ် သမားကို နှိုးဆော် တတ်၏။ သံတူ နှင့် ချော စေသောသူသည်၊ ပေ ပေါ်မှာ ရိုက် သော သူကိုလည်း နှိုးဆော်၍၊ ဂဟေ ကောင်း သည်ဟု ဆို တတ်၏။ ရုပ်တု ကို မ လှုပ်ရှား စေခြင်းငှါသံချွန် နှင့် ရိုက် ထားတတ်၏။