Isaiah 44:17
ကျန် သောအပိုင်းကိုလည်း ယူ၍ ရုပ်တု တည်း ဟူသောဘုရား ကို လုပ် တတ်၏။ ထိုရုပ်တု ရှေ့ မှာ ပြပ်ဝပ် ၍ ကိုးကွယ် တတ်၏။ ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ် ကို ကယ်တင် တော်မူပါ ဟူ၍ဆုတောင်း တတ်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 2:8သူ တို့ပြည် သည် ရုပ်တု ဆင်းတုနှင့်ကြွယ်ဝ ၍၊ မိမိ လက် နှင့်လုပ် သောအရာ၊ မိမိ လက်ချောင်း တို့နှင့် ဖန်ဆင်း သော အရာကို ပင် သူတို့သည် ဦးချ ကြသည် တကား။
Isaiah 37:38နောက် တဖန် သူ သည် မိမိ ဘုရား နိသရုတ် ၏ ဗိမာန် ၌ ကိုးကွယ် စဉ်တွင်၊ သား တော် အာဒြမ္မေလက် နှင့် ရှရေဇာ သည် ခမည်းတော် ကို ထား နှင့် သတ် ပြီးလျှင် ၊ အာရမနိ ပြည် သို့ ပြေး ကြ၏။ သား တော် ဧသရဟဒ္ဒုန် သည်လည်း ၊ ခမည်းတော် အရာ ၌ နန်း ထိုင်၏။
Isaiah 46:6ရွှေ ကို အိတ် ထဲက များစွာထုတ် လျက် ၊ ငွေ ကို လည်း ချိန်ခွင် နှင့် ချိန် လျက်၊ ပန်းတိန် သမားကို ငှါး ၍ ဘုရား ကို လုပ် စေပြီးမှ၊ ပြပ်ဝပ် ကိုးကွယ် ကြသည်တကား။
Daniel 3:17အကျွန်ုပ် တို့ကိုးကွယ် သော ဘုရား သခင်သည်မီး လောင် လျက်ရှိသောမီးဖို ထဲက အကျွန်ုပ် တို့ကို ကယ်လွှတ် နိုင် တော်မူ၏။ ကိုယ်တော် ၏ လက် မှ လည်း ကယ် လွှတ်တော်မူလိမ့်မည်။
Daniel 6:16တဖန် ရှင် ဘုရင်မိန့် တော်မူသည်အတိုင်း၊ ဒံယေလ ကို ခေါ် ၍ ခြင်္သေ့ တွင်း ထဲသို့ ချ ပစ်ကြ၏။ ရှင် ဘုရင်ကလည်း၊ သင် မ ပြတ်ကိုးကွယ် သော ဘုရား သခင် သည် သင့် ကိုကယ်လွှတ် ပါစေဟု ဒံယေလ ကို မိန့် တော်မူ၏။
Daniel 6:27မစ ကယ်တင် ခြင်း ကျေးဇူးကို ပြု တော်မူ၏။ ကောင်းကင် မြေကြီး ၌ နိမိတ် လက္ခဏာ၊ အံ့ဩဘွယ် တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလ ကို ခြင်္သေ့ လက် မှ ကယ်လွှတ် တော်မူသော ဘုရားသခင်သည် ထိုသို့သော ဘုရားဖြစ် တော်မူ၏ဟု အမိန့်တော်ရှိ၏။