Isaiah 44:19
ငါသည် တပိုင်း နှင့် မီး မွေးပြီး။ မုန့် ကိုလည်း ထိုမီးခဲ ပေါ် မှာ ဖုတ် လေပြီ။ အမဲသား ကိုလည်း ကင် ၍ စား လေပြီ။ ကြွင်း သော အပိုင်းကို စက်ဆုပ် ရွံ့ရှာဘွယ် ဖြစ် စေရမည်လော။ သစ်သား ရှေ့ မှာ ငါပြပ်ဝပ် ရမည် လောဟု စိတ် နှလုံးထဲမှာ အောက်မေ့ ဆင်ခြင်နိုင်သော ဉာဏ် ပညာ အလျှင်းမ ရှိပါတကား။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 7:23နန်းတော် သို့ လှည့်လည် ပြန် သွား၍ ထို အမှုကို နှလုံး မ သွင်း ဘဲ နေလေ၏။
Deuteronomy 32:46သင် တို့အား ယနေ့ ငါ သက်သေခံ သမျှ သော စကား တို့ကို နှလုံး သွင်း ကြလော့။ သင် တို့သား သမီးတို့ သည် ဤ ပညတ် တရား စကား တော်အလုံးစုံ တို့ကို စောင့်ရှောက် စေခြင်းငှါ ၊ သူ တို့အား ထပ်ဆင့်၍ မှာထား ရကြမည်။
1 Kings 11:7ထိုအခါ ရှောလမုန် သည် ရွံရှာ ဘွယ်သောမောဘ ဘုရားခေမုရှ နှင့် ရွံရှာ ဘွယ်သော အမ္မုန် ဘုရားမောလုတ် အဘို့ ၊ ယေရုရှလင် မြို့ ရှေ့ တော်၌ရှိသော တောင် ပေါ် တွင် ကုန်း တို့ကို တည် လေ၏။
Isaiah 5:13ထိုကြောင့် ငါ ၏လူ တို့သည် ပညာ မရှိ၊ ဘမ်းဆီး သိမ်းသွားခြင်းကိုခံ ရကြ၏။ မှူးမတ် တို့သည် မွတ်သိပ် ၍ သေကြ၏။ ဆင်းရဲသား တို့သည် ရေငတ် ၍ ပူဆွေးလျက် ရှိကြ၏။
Isaiah 46:8အိုဖောက်ပြန် သောသူတို့၊ ဤ အမှုကို အောက်မေ့ ၍ ယောက်ျားဂုဏ်ကို ပြ ကြလော့။ သတိနှင့် ဆင်ခြင်ကြလော့။
Hosea 7:2သူ တို့ပြုသမျှ သော အဓမ္မ အမှုကို ငါမှတ်မိ သည် ဟု မိမိ တို့ စိတ်နှလုံး ထဲမှာ မ အောက်မေ့ ကြ။ ယခုပင် ထို အမှု တို့သည် သူ တို့ကို ဝိုင်း ကြပြီ။ ငါ့ မျက်မှောက် တွင် ရှိ ကြ၏။