The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 45

1အကြင်သူ၏ရှေ့မှာ အပြည်ပြည် တို့ကို နှိမ့်ချ ၍၊ ရှင်ဘုရင် တို့ကို တန်ဆာ ချွတ် လျက်၊ အတွင်းတံခါး တို့ကို မ ပိတ် ရဘဲ၊ နှစ်ရွက်ရှိသောတံခါး တို့ကို ဖွင့် ခြင်းငှါ ၊ အကြင်သူ ၏ လက်ျာလက် ကို ငါထောက်မ ၏။ ထိုသူ တည်းဟူသောကုရုမင်း ၊ ထာဝရဘုရား ပေးတော်မူ၍ ဘိသိက် ခံသောမင်း အား မိန့် တော်မူသည်ကား၊

2သင့် ရှေ့ မှာ ငါ သွား ၍ မြင့် သောအရပ်ကို ညီ စေမည်။ ကြေးဝါ တံခါး တို့ကို ချိုး ၍ ၊ သံ ကန့်လန့် တို့ကို အပိုင်းပိုင်းဖြတ် မည်။

3မှောင်မိုက် ၌ရှိသောဘဏ္ဍာ ၊ လုံခြုံ စွာ ဝှက်ထားသော ဥစ္စာ တို့ကို သင့် အား ငါပေး မည်။ သို့ဖြစ်၍ ၊ ငါ သည် သင့် ကို နာမည် ဖြင့် ခေါ် သော ဣသရေလ အမျိုး၏ ဘုရား သခင်၊ ထာဝရ ဘုရား ဖြစ်တော်မူကြောင်းကို သင်သိ ရလိမ့်မည်။

4ငါ့ ကျွန် ယာကုပ် ၊ ငါ ရွေးကောက် သောသူ ဣသရေလ အတွက် ၊ ငါသည် သင့် ကို နာမည် ဖြင့် ခေါ် ၏။ သင်သည် ငါ့ ကို မ သိ သော်လည်း ၊ သင် ၌ နာမည်သစ်ကို ထပ်၍ပေး ၏။

5ငါ တပါးတည်းသာ ထာဝရဘုရား ဖြစ်၏။ ငါ မှတပါး အခြား သော ဘုရား သခင်မ ရှိ။ သင်သည် ငါ့ ကို မ သိ သော်လည်း ၊ သင် ၏ခါးကို ငါစည်း ၏။

6သို့ ဖြစ်၍ငါ မှတပါး အခြား သော ဘုရားမ ရှိ၊ ငါ တပါးတည်းသာ ထာဝရဘုရား ဖြစ်ကြောင်း ကို၊ နေ ထွက် ရာအရပ်သားနှင့် အနောက် မျက်နှာသားတို့ သည် သိ ရကြလိမ့်မည်။

7ငါသည် အလင်း ကိုလုပ် ၏။ အမိုက် ကိုလည်း ဖန်ဆင်း ၏။ ငြိမ်သက် ခြင်းကို ဖြစ် စေ၏။ အမင်္ဂလာ ကိုလည်း ဖန်ဆင်း ၏။ ခပ်သိမ်း သော အမူအရာ တို့ကို ငါ ထာဝရဘုရား ပြု တော်မူ၏။

8မိုဃ်းကောင်းကင် တို့၊ အထက် မှ ယို ကြလော့။ မိုဃ်းတိမ် တို့သည် တရား မိုဃ်းရွာ ကြစေ။ မြေကြီး သည် ပွင့် ၍ ကယ်တင် ခြင်းအသီးကို သီး စေ။ ဖြောင့်မတ် ခြင်း တရားသည် တပြိုင်နက် ပေါက် စေ။ ထိုသို့ငါ ထာဝရ ဘုရား ဖန်ဆင်း ၏။

9အကြင်သူသည် မိမိကို ဖန်ဆင်း သော သူနှင့် ဆန့်ကျင် ဘက်ပြု၏၊ ထိုသူ သည် အမင်္ဂလာ ရှိ၏။ မြေ အိုးခြမ်း တို့တွင် အိုးခြမ်း ပါတကား။ အိုးမြေ က၊ သင်သည် အဘယ်သို့ သော အရာကို လုပ် သနည်းဟု အိုးထိန်း သမားကို ဆို ရမည်လော။ ငါ့ကို လုပ်သောသူ ၌ လက် မ ရှိ ဟု သင် လုပ် သော အရာကဆိုရမည်လော။

10မိမိအဘ အား ၊ သင်သည် အဘယ်သို့ သော အရာကို ဖြစ်ဘွား စေသနည်းဟူ၍၎င်း ၊ မိမိအမိ အား ၊ သင်သည် အဘယ်သို့ သော အရာကို မွေးဘွား သနည်းဟူ၍ ၎င်း ဆို သောသူသည် အမင်္ဂလာ ရှိ၏။

11ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရား၊ ထိုအမျိုး ကို ဖန်ဆင်း သော ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင်တို့သည်ဖြစ် လတံ့သော အမှုတို့ကို ငါ့ ထံ၌ မေးမြန်း ကြလော့။ ငါ့ သား တို့အတွက် ၊ ငါ့ ကိုယ်တိုင်ပြု သောအမှုအတွက်ကြောင့် ၊ ငါ့ ကို စီရင် ကြလော့။

12မြေကြီး ကို ငါ လုပ် လေပြီ။ မြေကြီး ပေါ် မှာ လူ ကို လည်း ဖန်ဆင်း လေပြီ။ မိုဃ်းကောင်းကင် ကို ကိုယ် လက် နှင့် ငါ ကြက် လေပြီ။ မိုဃ်းကောင်းကင် တန်ဆာ အပေါင်း တို့ကို ငါခန့် ထားလေပြီ။

13ထိုသူ ကိုလည်း တရား တော်အတိုင်း ငါ ပေါ်ထွန်း စေ၏။ သူ သွားသော လမ်း ကို ငါဖြောင့် စေမည်။ သူ သည် ငါ ၏မြို့ ကို တည် ဆောက်လိမ့်မည်။ သိမ်း သွား ချုပ်ထားခြင်းကို ခံရသောငါ ၏ လူတို့ကို သူသည် အဘိုး မ ခံ၊ ဆု မ ယူဘဲ လွှတ် လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

14တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အဲဂုတ္တု ပြည်၌ ဆည်းဖူး သောဥစ္စာ၊ ကုရှ ပြည်သား၊ အရပ် မြင့် သော သေဘ အမျိုးသား ပြုစုသော ကုန်သွယ် ဥစ္စာ သည် သင့် ဘက် သို့ ရောက် ၍ ၊ သင် ၏ ဥစ္စာဖြစ် ရလိမ့်မည်။ ထိုသူတို့သည် သင့် နောက် သို့ လိုက် ၍ သံကြိုး နှင့် ချည်နှောင် လျက် လမ်း၌ ရှောက် သွားကြလိမ့်မည်။ သင့် ရှေ့ မှာပြပ်ဝပ် ၍၊ အကယ် စင်စစ်ကိုယ်တော် ၌ ဘုရား သခင်ရှိ တော်မူ၏။ ထိုဘုရားမှတပါး အခြား သော ဘုရား သခင်မည်မျှမ ရှိပါဟူ၍ တောင်းပန် ကြလိမ့်မည်။

15အိုဣသရေလ အမျိုး၏ဘုရား သခင်၊ ကယ်တင် တော်မူသောဘုရား၊ အကယ် စင်စစ်ကိုယ်တော် သည် ကိုယ်ကို ထင်ရှားစွာ ပြ တော်မမူသော ဘုရား သခင်ဖြစ်တော်မူ၏။

16ရုပ်တု ကိုလုပ် သော သူအပေါင်းတို့သည် ရှက် ကြောက် ၍ မိန်းမော တွေဝေကြလိမ့်မည်။ အရှက် ကွဲ၍ တပြိုင်နက် ဆုတ် သွားကြလိမ့်မည်။

17ဣသရေလ အမျိုးမူကား၊ ထာဝရဘုရား အားဖြင့် ထာဝရ ကယ်တင် ခြင်းသို့ ရောက်၍၊ သင်တို့သည် ရှက် ကြောက်ခြင်း၊ မှိုင်တွေ ခြင်းနှင့် ကမ္ဘာအဆက်ဆက် ကင်းလွတ် ကြလိမ့်မည်။

18မိုဃ်းကောင်းကင် ကို ဖန်ဆင်း တော်မူသောထာဝရဘုရား ၊ မြေကြီး ကို ပြုပြင် ဖန်ဆင်း ၍ အမြဲတည် စေတော်မူသောအရှင်၊ အချည်းနှီး ဖန်ဆင်း သည်မ ဟုတ်၊ သတ္တဝါနေ စရာဘို့ ဖန်ဆင်း တော်မူသောဘုရားသခင်မိန့် တော်မူသည်ကား ၊ ငါ သည် ထာဝရဘုရား ဖြစ်၏။ ငါမှတပါး အခြား သော ဘုရားမ ရှိ။

19ငါသည် တိတ်ဆိတ် စွာ မ ဟော။ မြေကြီး ထဲမှာ မှောင်မိုက် သော အရပ် ၌မဟော။ သင်တို့သည် ကျေးဇူးမရှိဘဲ ငါ့ ကို ရှာ ကြလော့ဟု ယာကုပ် အမျိုး အား ငါမပြော။ ငါ သည် ဖြောင့်မတ် စွာ ပြော ၍ အတည့် အလင်းဟော တတ်သော ထာဝရဘုရား ဖြစ်၏။

20သင်တို့သည် စည်းဝေး ၍ လာ ကြလော့။ အတိုင်း တိုင်းအပြည်ပြည်တို့မှ ဘေးလွတ် သောသူတို့၊ စည်းဝေး ကြလော့။ မိမိ ထုလုပ်သော သစ်သား ကို ဆောင်ရွက် သောသူ၊ မ ကယ်တင် နိုင်သော ဘုရား ကို ပဌနာ ပြုသောသူတို့ သည် ပညာ မ ရှိကြ။

21သိတင်းကြား ပြောကြလော့။ လူများကို အနီး သို့ ခေါ်ခဲ့၍ တိုင်ပင် ကြစေ။ ဤ အမှုကို ရှေး ကာလမှစ၍ အဘယ်သူ ဘော်ပြ သနည်း။ အထက် က အဘယ်သူဟော ပြောသနည်း။ ငါ ထာဝရဘုရား ဟောပြောသည် မ ဟုတ်လော။ ငါ မှတပါး အခြား သော ဘုရား သခင်မ ရှိ။ ငါသည် ဖြောင့်မတ် သော ဘုရား ၊ ကယ်တင် သောဘုရား ဖြစ်၏။ ငါ မှတပါး အခြားသော ဘုရားမ ရှိ။

22မြေကြီး စွန်း သား အပေါင်း တို့၊ ငါ့ ကို မျှော် ကြည့် ၍ ၊ ကယ်တင် ခြင်းကျေးဇူးကိုခံ ကြလော့။ ငါ သည် ဘုရား သခင် ဖြစ်၏။ ငါမှတပါး အခြား သော ဘုရားမ ရှိ။

23ငါ့ ရှေ့ ၌ လူတိုင်း ဒူးထောက် ရမည်၊ လူတိုင်း မိမိ နှုတ် နှင့် သစ္စာခံ ရမည်ဟု ကိုယ်ကိုကိုယ် တိုင်တည် ၍ ငါကျိန်ဆိုသော တရား စကား သည် ငါ့ နှုတ် မှ ထွက် သည် ဖြစ်၍ ၊ မ ပြည့်စုံ ဘဲ မနေရ။

24ထာဝရဘုရား အားဖြင့် သာ ဖြောင့်မတ် ခြင်းနှင့် အစွမ်း သတ္တိကို ရပါသည်ဟု လူတိုင်းလျှောက် ရမည်။ ကိုယ်တော် ကို မနာလို သော သူအပေါင်း တို့သည် အထံ တော်သို့ လာ ၍ ၊ ရှက်ကြောက် ခြင်းသို့ ရောက်ရကြ လိမ့်မည်။

25ဣသရေလ အမျိုးသား အပေါင်း တို့သည် ထာဝရဘုရား အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်၍ ဝါကြွား ကြ လိမ့်မည်။

← Isaiah 44Read In The App, Free →Isaiah 46 →

Study Isaiah 45

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566