Isaiah 45:13
ထိုသူ ကိုလည်း တရား တော်အတိုင်း ငါ ပေါ်ထွန်း စေ၏။ သူ သွားသော လမ်း ကို ငါဖြောင့် စေမည်။ သူ သည် ငါ ၏မြို့ ကို တည် ဆောက်လိမ့်မည်။ သိမ်း သွား ချုပ်ထားခြင်းကို ခံရသောငါ ၏ လူတို့ကို သူသည် အဘိုး မ ခံ၊ ဆု မ ယူဘဲ လွှတ် လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Chronicles 36:23ပေရသိ ရှင်ဘုရင် ကုရု မင်းမိန့် တော်မူသည်ကား၊ ကောင်းကင် ဘုံ၏အရှင်ဘုရားသခင် ထာဝရဘုရား သည်မြေကြီး ပေါ်မှာတိုင်း နိုင်ငံရှိသမျှ ကိုငါ အား ပေး တော်မူသည်ဖြစ်၍၊ ယုဒ ပြည်ယေရုရှလင် မြို့၌ အိမ် တော်ကို ငါ တည်ဆောက် ရမည်အကြောင်း မှာ ထားတော်မူပြီ။
Psalms 65:5အကျွန်ုပ် တို့ကို ကယ်တင် တော်မူသောဘုရား ၊ အကျွန်ုပ် တို့၏ ပဌနာကို နားထောင်၍ အံ့ဘွယ် သော အမှုတို့ကို တရား တော်နှင့်အညီပြ တော်မူ၏။ ကိုယ်တော်သည် ဝေး စွာသော မြေကြီး စွန်း နှင့် ၊ ပင်လယ် စွန်းတို့၌ နေသောသူတို့၏ ကိုးစား ရာ ဖြစ်တော်မူ၏။
Isaiah 41:2ဖြောင့်မတ် ခြင်းမင်္ဂလာ လိုက်တတ်သောသူကို အရှေ့ ပြည်က ၊ အဘယ်သူ ပေါ် လာစေသနည်း။ လူ အမျိုးမျိုးတို့ကို သူ ၌ အပ် ၍ ၊ ရှင်ဘုရင် တို့ကို အုပ်စိုးစေခြင်းငှါ၊ အဘယ်သူစီရင်သနည်း။ ရန်သူတို့ကို သူ ၏ထား ရှေ့မှာ မြေမှုန့် ကဲ့သို့ ၎င်း၊ သူ ၏လေး ရှေ့မှာ လွင့် သောဖွဲ ကဲ့သို့ ၎င်း အဘယ်သူဖြစ် စေသနည်း။
Isaiah 42:6ငါ ထာဝရဘုရား သည် သင့် ကို တရား သဖြင့် ခေါ် ထားသည်ဖြစ်၍၊ လက် ဆွဲ လျက် ထောက်မ မည်။
Isaiah 46:11ဝေး သောအရပ် ၊ အရှေ့ မျက်နှာမှ ငါ၏လက်ထောက် တည်းဟူသောငှက်ရဲ ကို ခေါ် လျက်၊ ငါသည် ဘုရားသခင်ဖြစ်၏။ ငါနှင့်တူသောသူ မည်မျှမရှိ။ ငါသည် နှုတ်ထွက် အတိုင်း ပြု မည်။ ကြံ သည်အတိုင်း စီရင် မည်။
Isaiah 48:15ငါ့ ကိုယ်တိုင် အမိန့် တော်ရှိပြီ။ အကယ်စင်စစ်သူ့ ကို ငါခေါ် ပြီ။ ငါဆောင် ခဲ့ပြီ။ သူ သွားသောလမ်း ၌ မင်္ဂလာ ရှိရလိမ့်မည်။