Isaiah 45:3
မှောင်မိုက် ၌ရှိသောဘဏ္ဍာ ၊ လုံခြုံ စွာ ဝှက်ထားသော ဥစ္စာ တို့ကို သင့် အား ငါပေး မည်။ သို့ဖြစ်၍ ၊ ငါ သည် သင့် ကို နာမည် ဖြင့် ခေါ် သော ဣသရေလ အမျိုး၏ ဘုရား သခင်၊ ထာဝရ ဘုရား ဖြစ်တော်မူကြောင်းကို သင်သိ ရလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 33:12မောရှေ ကလည်း ၊ ဤ လူ တို့ကို ပို့ဆောင် လော့ဟု ကိုယ်တော် မိန့် တော်မူသည်တွင်၊ အကျွန်ုပ် နှင့်အတူ အဘယ်သူ ကို စေလွှတ် တော်မူသည်ကို အကျွန်ုပ် မ သိ ရ။ သို့သော် လည်းကိုယ်တော် က သင့် ကို သင်၏နာမ ဖြင့် ငါသိ ၏။ သင်သည် ငါ့ ရှေ့ ၌ မျက်နှာ ရပြီဟု အကျွန်ုပ်အား မိန့် တော်မူပြီ။
2 Chronicles 6:17အိုဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ကျွန် အကျွန်ုပ်အဘ ဒါဝိဒ် အား မိန့် တော်မူသော စကား တော်ကို ယခု ပြည့်စုံ စေတော်မူပါ။
Isaiah 41:23သင် တို့သည် ဘုရား ဖြစ်သည်ကို ငါတို့ သိ ရမည် အကြောင်း ၊ ဖြစ် လတံ့သော အရာတို့ကို ပြ ကြလော့။ အချင်းချင်းတယောက်ကိုတယောက်ကြည့်ရှုတွေ့မြင်မည်အကြောင်း၊ ကောင်း သောအမှု၊ ဆိုး သောအမှု တစုံတခုကို ပြုကြလော့။
Isaiah 48:15ငါ့ ကိုယ်တိုင် အမိန့် တော်ရှိပြီ။ အကယ်စင်စစ်သူ့ ကို ငါခေါ် ပြီ။ ငါဆောင် ခဲ့ပြီ။ သူ သွားသောလမ်း ၌ မင်္ဂလာ ရှိရလိမ့်မည်။
Jeremiah 27:5ငါသည် မဟာ တန်ခိုး နှင့် လက်ရုံး ကို ဆန့် လျက် မြေကြီး ကို၎င်း၊ မြေကြီး ပေါ် မှာ ရှိသော လူ နှင့် တိရစ္ဆာန် တို့ကို၎င်းဖန်ဆင်း သည်ဖြစ်၍၊ ငါသည် ပေးလို သောသူ တို့အား ပေး ၏။
Jeremiah 50:37ထား ဘေးသည်မြင်း များ၊ ရထား များ၊ မြို့ထဲမှာ နေသော လူ အမျိုးမျိုးရှိသမျှ တို့အပေါ် သို့ ရောက်၍၊ သူတို့သည် မိန်းမ ကဲ့သို့ ဖြစ် ကြလိမ့်မည်။ ထား ဘေးသည် မြို့ဘဏ္ဍာ အပေါ် သို့ရောက်၍၊ ရန်သူတို့သည်လုယူ ကြလိမ့်မည်။