Isaiah 47:5
အိုခါလဒဲ သတို့သမီး ၊ တိတ်ဆိတ် စွာ ထိုင် လော့။ မိုက် ရာသို့ သွား လော့။ သင့်ကို နိုင်ငံ တို့၏ အရှင် မ ဟူ၍နောက် တဖန် မ ခေါ် ရ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 2:9မိမိ သန့်ရှင်းသူ တို့ခြေ ကို စောင့်မ တော်မူလိမ့်မည်။ မ တရားသောသူတို့သည် မှောင်မိုက် ၌ တိတ်ဆိတ် စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်း သတ္တိအားဖြင့် အဘယ်သူ မျှမ နိုင် ရာ။
Psalms 46:10ငြိမ်ဝပ် လျက် နေကြလော့။ ငါ ကား ဘုရား သခင်ဖြစ်သည်ဟု သိ မှတ်ကြလော့။ လူမျိုး တို့တွင် ငါသည် ဘုန်းပွင့် မည်။ မြေကြီး ပေါ် မှာ ဘုန်းပွင့် မည်။
Isaiah 13:19တိုင်း နိုင်ငံတို့၏ အထွဋ် ၊ ခါလဒဲ အမျိုးသားတို့၏ ဘုန်း အသရေဖြစ်သော ဗာဗုလုန် မြို့သည် ဘုရား သခင်ဖျက်ဆီး တော်မူသောသောဒုံ မြို့နှင့် ဂေါမောရ မြို့ကဲ့သို့ ဖြစ် လိမ့်မည်။
Isaiah 14:23တဖန်လည်း၊ ငါသည် ထိုမြို့ ကို ဖြူ ကောင်များနေရာ ၊ ရေ လွှမ်းမိုး ရာအရပ်ဖြစ် စေမည်။ ဖျက်ဆီး ခြင်း၏ တန်မြက်စည်း ဖြင့် လှည်း မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Isaiah 47:7သင် ကလည်း၊ ငါသည် အရှင်မ ၏အရာ၌ အစဉ်အမြဲ နေ မည်ဟု ထင် သောကြောင့်၊ ဤ အမှုအရာတို့ကို မ ဆင်ခြင်။ သင် ၌ နောက်ဆုံး ဖြစ်လတံ့သော အမှုကို မ အောက်မေ့။
Jeremiah 25:10ဤသူတို့တွင် ဝမ်းမြောက် သော အသံ ၊ ရွှင်လန်း သောအသံ ၊ မင်္ဂလာဆောင်သတို့သား ၏အသံ ၊ သတို့သမီး ၏အသံ ၊ ကြိတ်ဆုံ သံ နှင့် မီးခွက် အလင်း ကို ငါကွယ် ပျောက်စေမည်။