Isaiah 49:1
တကျွန်း တနိုင်ငံအရပ်တို့၊ ငါ့ စကားကို ကြားကြလော့။ ဝေးစွာသော လူမျိုးတို့၊ စေ့စေ့နားထောင်ကြလော့။ ငါဘွားစကပင် ထာဝရဘုရားသည် ငါ့ကို ခေါ်တော်မူ၏။ အမိဝမ်းထဲမှစ၍ ငါ၏နာမကို မှတ်တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 7:14ထိုကြောင့်၊ ထာဝရ ဘုရားသည် ကိုယ်တော် တိုင် နိမိတ် လက္ခဏာကို သင် တို့အား ပေး တော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာ သည် ပဋိသန္ဓေ စွဲယူ၍ ၊ သား ယောက်ျားကို ဘွားမြင် လတံ့။ ထိုသား ကို ဧမာနွေလ အမည် ဖြင့် မှည့် ရလတံ့။
Isaiah 41:1တကျွန်း တနိုင်ငံ အရပ်တို့၊ ငါ့ ရှေ့ မှာ ငြိမ်ဝပ် စွာ နေကြ။ လူအမျိုးမျိုးတို့၊ အား ဖြည့် ကြ။ ချဉ်းကပ် ၍ ပြော ကြ။ တရား တွေ့ ကြကုန်အံ့။
Isaiah 42:12ထာဝရဘုရား ကို ချီးမြှောက် ၍ ၊ တကျွန်း တနိုင်ငံအရပ်တို့၌ ဂုဏ် တော်ကို ထင်ရှား စွာ ချီးမွမ်းကြစေ။
Isaiah 44:24သင့် ကို ရွေးနှုတ် တော်မူ၍၊ ဘွားစကပင် သင့် ကို ပြုပြင် တော်မူသောထာဝရဘုရား မိန့် တော်မူသည်ကား ၊ မိုဃ်းကောင်းကင် ကို ငါ တပါး တည်း ကြက် လျက်၊ မြေကြီး ကို အဘော်မရှိဘဲ ခင်း လျက်၊ ခပ်သိမ်း သော အရာတို့ကို ဖန်ဆင်း သော ထာဝရဘုရား ဖြစ်၏။
Isaiah 46:3အိုယာကုပ် အမျိုးသား တို့၊ ငါ့ စကားကို နားထောင် ကြလော့။ ကျန် ကြွင်းသော ဣသရေလ အမျိုးသား အပေါင်း တို့၊ ဘွား စ ကပင်သင်တို့ကို ငါထမ်း လေပြီ။ အမိ ဝမ်း ထဲမှစ၍ ငါဆောင်ရွက် လေပြီ။
Isaiah 51:5ငါ ၏ဖြောင့်မတ် ခြင်းတရားသည် အနီး မှာရှိ၏။ ငါ ၏ကယ်တင် ခြင်းတရားသည် ထွက်သွား ပြီ။ ငါ့ လက်ရုံး သည် လူ တို့တွင် တရား မှုကို စီရင်လိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် ငါ့ကို မြော်လင့် ၍ ၊ ငါ့ လက်ရုံး ကို ကိုးစား ကြလိမ့်မည်။