Isaiah 51:5
ငါ ၏ဖြောင့်မတ် ခြင်းတရားသည် အနီး မှာရှိ၏။ ငါ ၏ကယ်တင် ခြင်းတရားသည် ထွက်သွား ပြီ။ ငါ့ လက်ရုံး သည် လူ တို့တွင် တရား မှုကို စီရင်လိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် ငါ့ကို မြော်လင့် ၍ ၊ ငါ့ လက်ရုံး ကို ကိုးစား ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 2:10ထာဝရဘုရား သည် ရန်သူ တို့ကို ချိုးဖဲ့ တော်မူမည်။ သူတို့အပေါ်၌ မိုဃ်း ကောင်းကင်မှ မိုဃ်းချုန်း စေတော်မူမည်။ ထာဝရဘုရား သည် မြေကြီး စွန်း တိုင်အောင်တရား စီရင်သဖြင့်၊ ခန့်ထားတော်မူသောရှင်ဘုရင် ကို ခွန်အား နှင့် ပြည့်စုံစေ၍၊ အထံတော်၌ ဘိသိက် ခံသောသူကို ချီးမြှောက် တော်မူမည်ဟု မြွက်ဆို ၏။
Psalms 67:4လူ အမျိုးမျိုးတို့သည် ဝမ်းမြောက် ၍ ရွှင်လန်း စွာ သီချင်းဆိုကြပါစေသော။ အကြောင်း မူကား၊ ကိုယ်တော်သည် လူ တို့ကို ဖြောင့်မတ် စွာ တရား စီရင်၍ ၊ မြေကြီး ပေါ် မှာ ရှိသောလူမျိုး တို့ကို ချမ်းသာ ပေးတော်မူမည်။
Psalms 96:13အကြောင်း မူကား၊ ကိုယ်တော်သည် ကြွလာ တော်မူ၏။ မြေကြီး သားတို့ကို တရား စီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသား တို့ကို ဖြောင့်မတ် ခြင်းတရားနှင့် ၎င်း၊ လူများ ကို သစ္စာ တော်နှင့် ၎င်း စီရင် ဆုံးဖြတ်တော်မူလတံ့။
Psalms 110:6ငါ၏သခင်သည် တပါးအမျိုးသား တို့တွင် တရား စီရင် လျက်၊ အသေ ကောင်တို့ကို အနှံ့အပြား ဖြစ်စေ၍၊ ကျယ် သောမြေ ၌ သူတို့ဦးခေါင်း ကို နှိပ်စက် တော်မူမည်။
Isaiah 40:10ကြည့်ရှု လော့။ အရှင် ထာဝရဘုရား သည်၊ ကြီး သော တန်ခိုး နှင့် ကြွလာ ၍ ၊ လက်ရုံး တော်အားဖြင့်အစိုးရ တော်မူလိမ့်မည်။ မိမိ ခံတော်မူထိုက်သောအခ မိမိ ၌ ပါလျှက်၊ ဆုလပ် တော်သည် ရှေ့ တော်၌ ရှိ၏။
Isaiah 46:13ငါ ၏ဖြောင့်မတ် ခြင်းတရားကို အနီးသို့ ငါဆောင် ခဲ့မည်။ အဝေး ၌မ နေရ။ ငါ ၏ကယ်တင် ခြင်း ကျေးဇူးလည်း မ ဖင့်နွှဲ ရ။ ဇိအုန် တောင်ပေါ် မှာငါ၏ ကယ်တင် ခြင်း ကျေးဇူးကို၎င်း၊ ဣသရေလ အမျိုး၌ ငါ့ ဘုန်း ကို၎င်းငါထား မည်။