Isaiah 49:18
အရပ်ရပ် သို့ မျှော် ကြည့်လော့။ ဤသူ အပေါင်း တို့သည် စုဝေး ၍ သင့် ထံသို့ လာ ကြ၏။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက် ရှင်သည်ဖြစ်၍၊ သင် သည် တင့်တယ်သော အဝတ် ကို ဝတ် သကဲ့သို့ ၊ ဤသူ အပေါင်း တို့ကို ဝတ်လိမ့်မည်။ မင်္ဂလာဆောင်သတို့သမီး ပြုသည် နည်းတူ တန်ဆာဆင် လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 13:14လောတ သည် အာဗြံ နှင့် ခွါ ၍ သွားပြီးမှ ၊ ထာဝရဘုရား သည် အာဗြံကိုခေါ်၍၊ သင် ရှိသော အရပ် က၊ တောင် ၊ မြောက် ၊ အရှေ့ ၊ အနောက် သို့ မြော် ကြည့် လော့။
Proverbs 17:6မြေး တို့သည် အသက်ကြီး သောသူ၏ သရဖူ ဖြစ် ၏။ သား တို့၏ဘုန်း ကား အဘ တည်း။
Isaiah 45:23ငါ့ ရှေ့ ၌ လူတိုင်း ဒူးထောက် ရမည်၊ လူတိုင်း မိမိ နှုတ် နှင့် သစ္စာခံ ရမည်ဟု ကိုယ်ကိုကိုယ် တိုင်တည် ၍ ငါကျိန်ဆိုသော တရား စကား သည် ငါ့ နှုတ် မှ ထွက် သည် ဖြစ်၍ ၊ မ ပြည့်စုံ ဘဲ မနေရ။
Isaiah 49:22အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကြည့် ရှုလော့။ ငါသည် အတိုင်းတိုင်းအပြည်ပြည်၌နေသော လူမျိုးတို့အား လက် ကို ချီ ၍ အလံ ကို ထူ သဖြင့် ၊ သူတို့သည် သင် ၏သားသမီး တို့ကို လက် နှင့် ပွေ့လျက်၊ ပခုံး ပေါ် မှာ ထမ်းလျက်ဆောင် ခဲ့ကြလိမ့်မည်။
Isaiah 54:1သားမ ဘွား သော အမြုံ မ၊ ဝမ်းမြောက်လော့။ သားဘွား ခြင်းဝေဒနာကို မ ခံသေးသော မိန်းမ၊ ကြွေးကြော် အော်ဟစ်လော့။ အကြောင်း မူကား၊ စွန့် ထားသော မိန်းမသည် လင် ရှိသောမိန်းမထက်သာ၍ များသော သား တို့ကို ဘွားမြင်ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
Isaiah 54:9နောဧ လက်ထက်၌ လွှမ်းမိုးသောရေ ကို ငါသည် မှတ်၍၊ ထိုရေ သည် မြေကြီး ကို နောက် တဖန်မလွှမ်းမိုးရ ဟု ကျိန်ဆို ခြင်းကို ပြုသည်နည်းတူ ၊ သင့် ကို အမျက် မထွက်၊ မဆုံးမ ဟု ကျိန်ဆို ခြင်းကို ပြုပြီ။