Isaiah 49:21
သင်ကလည်း ၊ ဤ သူတို့ကို ငါ့ အား အဘယ်သူ ဖြစ်ဘွား စေသနည်း။ ငါ သည် သား ဆုံးသောသူ၊ ဆိတ်ညံ လျက်နေရသောသူ၊ နှင်ထုတ် ခြင်းကိုခံ ရသဖြင့် ၊ အဝေးသို့ လည်ရသောသူဖြစ်၍ ၊ ဤ သူတို့ကို အဘယ်သူ မွေးစား သနည်း။ ငါ သည် တယောက် တည်း နေ ရသည်ဖြစ်၍၊ ဤ သူ တို့သည် အဘယ်မှာ ရှိကြသနည်းဟု အောက်မေ့ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 1:8ဇိအုန် သတို့သမီး သည်လည်း ၊ စပျစ် ဥယျာဉ်၌ တဲ ကဲ့သို့ ၎င်း၊ သခွါး တောင်ယာ၌ လင့်စင် ကဲ့သို့ ၎င်း၊ ရန်သူဝိုင်း သောမြို့ ကဲ့သို့ ၎င်း ကျန်ရစ် လေ၏။
Isaiah 5:13ထိုကြောင့် ငါ ၏လူ တို့သည် ပညာ မရှိ၊ ဘမ်းဆီး သိမ်းသွားခြင်းကိုခံ ရကြ၏။ မှူးမတ် တို့သည် မွတ်သိပ် ၍ သေကြ၏။ ဆင်းရဲသား တို့သည် ရေငတ် ၍ ပူဆွေးလျက် ရှိကြ၏။
Isaiah 52:2အိုယေရုရှလင် မြို့၊ ကိုယ်၌ ကပ်သော မြေမှုန့် ကို ခါ လိုက်၍၊ မြင့်သော အရပ် ၌ ထိုင် လော့။ အိုချုပ် ထား လျက်ရှိသောဇိအုန် သတို့သမီး ၊ သင် ၏လည် ကြိုး ကို ချွတ် လော့။
Isaiah 60:15သင့်ကို အဘယ်သူမျှရှောက် ၍ မ သွားရမည် အကြောင်း၊ သူတပါးတို့သည် သင့် ကို စွန့်ပစ် ရွံရှာ ကြ သည်အတွက် ၊ ငါသည် သင့် ကို ထာဝရ အထွဋ် အမြတ်ဖြစ် စေမည်။ လူမျိုး အစဉ်အဆက်ဝမ်းမြောက် စရာအကြောင်းလည်း ဖြစ် စေမည်။
Isaiah 64:10သန့်ရှင်း သောမြို့ တော်တို့သည် တော ဖြစ် ကြ ပါပြီ။ ဇိအုန် တောင်လည်း တော ဖြစ် ပါပြီ။ ယေရုရှလင် မြို့ လည်းပျက်စီး ပါပြီ။
Lamentations 1:1စည်ပင် ခဲ့သော မြို့ သည် လူ ဆိတ်ညံလျက် ထိုင် လေသည်တကား၊ လူမျိုး တို့တွင် ကြီးမြတ် ဘူးသော သတို့သမီးသည် မုတ်ဆိုးမ ကဲ့သို့ ဖြစ် ၏။ အပြည်ပြည် တို့၏ သခင်မ သည် အခွန် ပေး ရ၏။