Isaiah 49:25
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အကယ် စင်စစ် အားကြီး သောသူ သိမ်း သွားသော လူတို့ကို ယူ ရမည်။ ကြောက်မက် ဘွယ်သောသူ လုယူရာဥစ္စာ ကို နှုတ် ရ လိမ့်မည်။ အကြောင်း မူကား၊ သင် နှင့် ရန်တွေ့ သောသူကို ငါ သည် ရန်တွေ့ ၍ ၊ သင် ၏သား တို့ကို ကယ်တင် မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
24လုယူရာ ဥစ္စာကို အားကြီး သောသူ ၏ လက်မှ ယူ ရမည်လော။ တရား သော သူသိမ်း သွားသော လူတို့ကို နှုတ် ရမည်လော။
Cross References
Genesis 12:3သင့် ကို ကောင်းကြီး ပေးသောသူကို ငါကောင်းကြီး ပေးမည်။ သင့် ကို ကျိန်ဆဲ သောသူကို ငါကျိန်ဆဲ မည်။ သင် အားဖြင့် လည်း လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Numbers 23:8ဘုရားသခင် ကျိန်ဆဲ တော်မ မူသောသူကို အဘယ်သို့ ငါကျိန်ဆဲ နိုင်မည်နည်း။ ဘုရားသခင် သည် ပျက်စီး ခြင်းသို့ အပ်တော်မ မူသောသူကို အဘယ်သို့ ငါအပ် နိုင်မည်နည်း။
Isaiah 14:2တပါးအမျိုးသား တို့သည် သူ တို့ကို နေရင်း အရပ် သို့ ပို့ဆောင် ကြလိမ့်မည်။ ဣသရေလ အမျိုးသား တို့ သည် တပါးအမျိုးသား တို့ကို ထာဝရဘုရား ၏ ပြည် တော်တွင် ၊ ကျွန် နှင့် ကျွန်မ အရာ၌ ထား၍ စေစားကြ လိမ့်မည်။ အထက်က သိမ်း သွားဘူးသောသူတို့ ကို တဖန် သိမ်း ယူခဲ့ကြလိမ့်မည်။ ညှဉ်းဆဲ ဘူးသောသူတို့ ကိုလည်း အုပ်စိုး ကြလိမ့်မည်။
Isaiah 35:4အား ယူကြလော့၊ မ စိုးရိမ် ကြနှင့်ဟု ကြောက် တတ်သောသူတို့ အား ဆို ကြလော့။ အကြောင်းမူကား၊ သင် တို့၏ ဘုရား သခင်သည် အပြစ် ပေးလျက်၊ ဒဏ် စီရင် လျက်ကြွ လာတော်မူလိမ့်မည်။ ဘုရား သခင်သည် ကိုယ်တော် တိုင် ကြွ လာ၍ ၊ သင် တို့ကို ကယ်တင် တော်မူလိမ့်မည်။
Isaiah 41:12သင် နှင့် ဆန့်ကျင် ဘက်ပြုသောသူ တို့ ကို သင် သည် ရှာ ၍ မ တွေ့ ရ။ သင့် ကို စစ်တိုက် သောသူ တို့ သည် အဘယ် မျှ မဟုတ်သကဲ့သို့ ၎င်း၊ အနတ္တ သက်သက်ကဲ့သို့ ၎င်း ဖြစ် ကြလိမ့်မည်။
Isaiah 52:2အိုယေရုရှလင် မြို့၊ ကိုယ်၌ ကပ်သော မြေမှုန့် ကို ခါ လိုက်၍၊ မြင့်သော အရပ် ၌ ထိုင် လော့။ အိုချုပ် ထား လျက်ရှိသောဇိအုန် သတို့သမီး ၊ သင် ၏လည် ကြိုး ကို ချွတ် လော့။