Isaiah 49:26
သင့် ကို ညှဉ်းဆဲ သောသူတို့ ကို သူ တို့၏အသား နှင့် ငါကျွေး မည်။ ချိုသော စပျစ်ရည် ကို သောက်သကဲ့သို့ ၊ သူတို့သည် မိမိ အသွေး ကိုဝစွာ သောက် ရကြမည်။ သို့ဖြစ်၍ ၊ ငါ ထာဝရဘုရား သည် သင့် ကို ကယ်တင် သော အရှင်၊ သင့် ကို ရွေးနှုတ် သောသခင်၊ ယာကုပ် အမျိုး၌ တန်ခိုးကြီး သော ဘုရားဖြစ်ကြောင်းကို လူ အပေါင်း တို့ သည် သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 6:7ငါ ၏လူမျိုး ဖြစ်စေခြင်းငှါ ၊ သင် တို့ကို ငါသိမ်းယူ မည်။ ငါသည်လည်း သင် တို့၏ ဘုရား သခင်ဖြစ် မည်။ ငါ သည်သင် တို့ကို အဲဂုတ္တု လူတို့လက် မှ လွှတ် သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိ ကြလိမ့်မည်။
Psalms 9:16ထာဝရဘုရား သည် တရား စီရင်ဆုံးဖြတ်တော်မူခြင်း အားဖြင့် ထင်ရှား တော်မူ၏။ မတရား သောသူသည် မိမိ လုပ် သော အလုပ် ထဲမှာ ကျော့မိ ခြင်းကိုခံရ၏။
Psalms 83:18ထာဝရဘုရား ဟူ၍နာမ တော်ရှိသော ကိုယ်တော် တပါး တည်းသာလျှင်၊ မြေကြီး တပြင်လုံး အပေါ် မှာ အမြင့်ဆုံး သောဘုရားဖြစ်တော်မူကြောင်း ကို သိ ကြပါ စေသော။
Isaiah 9:20လက်ျာ ဘက်၌ ခုတ် ဖြတ်သော်လည်း ၊ ငတ်မွတ် လိမ့်မည်။ လက်ဝဲ ဘက်၌ ကိုက် စားသော်လည်း မ ဝ ရ။ အိမ်နီးချင်းအသား ကို လူ တိုင်းကိုက်စား ရလိမ့်မည်။
Isaiah 43:1ယခု မူကား ၊ ငါ့ ကျွန် ယာကုပ် ၊ ငါရွေးကောက် သောသူ ဣသရေလ ၊ နားထောင် လော့။
Isaiah 45:6သို့ ဖြစ်၍ငါ မှတပါး အခြား သော ဘုရားမ ရှိ၊ ငါ တပါးတည်းသာ ထာဝရဘုရား ဖြစ်ကြောင်း ကို၊ နေ ထွက် ရာအရပ်သားနှင့် အနောက် မျက်နှာသားတို့ သည် သိ ရကြလိမ့်မည်။