Isaiah 5:20
မကောင်း ကိုအကောင်း ၊ အကောင်း ကိုမကောင်း ဟု ခေါ် တတ်သောသူ၊ အလင်း အရာ၌ အမိုက် ၊ အမိုက် အရာ၌ အလင်း ကို၎င်း၊ အချို အရာ ၌ အခါး ၊ အခါး အရာ ၌ အချို ကို၎င်း၊ အလွဲယူ တတ်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 23:7မ ဟုတ်မမှန်သော အမှု ကို ရှောင် ရမည်။ အပြစ် မရှိသောသူ၊ ဖြောင့်မတ် သောသူကို မ ကွပ်မျက် ရ။ အကြောင်း မူကား၊ ငါသည် မတရား သောသူကို အပြစ်မ လွှတ်။
Job 17:12ညဉ့် သည် ငါ၌ နေ့ ကဲ့သို့ဖြစ်၍၊ ငါ့အလင်း သည် မှောင်မိုက် နှင့် နီးစပ် ၏။
Proverbs 17:15မ တရားသောသူတို့ကို အပြစ် မှလွှတ် သော သူနှင့် ၊ ဖြောင့်မတ် သောသူတို့ကို အပြစ် စီရင်သော သူနှစ် ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ် ရွံ့ရှာတော်မူ၏။
Isaiah 32:5ယုတ် သောသူကို နောက် တဖန်အမြတ် ဟူ၍၎င်း၊ စေးနှဲ သောသူကို လည်း နောက်တဖန် စွန့်ကြဲတတ် သော သူဟူ၍၎င်း မ ခေါ် ရ။
Amos 5:7တရား သဖြင့် စီရင်ခြင်းကို ဒေါန ဖြစ် စေ၍ ဖြောင့်မတ် ခြင်းတရားကို မြေ သို့ ချ ကြပြီးသောသူတို့ ၊
Malachi 2:17သင် တို့သည် ထာဝရဘုရား ၏ နားတော်ငြီး သည်တိုင်အောင်စကား များကြ၏။ နားတော်ငြီးသည် တိုင်အောင်အဘယ်သို့ ပြုမိသနည်းဟုမေး သော် ၊ ဒုစရိုက် ကိုပြု သောသူတိုင်း ထာဝရဘုရား ရှေ့ တော်၌ ကောင်း ၏။ ထိုသို့သောသူတို့ ကို နှစ်သက် တော်မူ၏ ဟူ၍၎င်း ၊ စစ်ကြော စီရင်တော်မူသောဘုရား သခင်ကား၊ အဘယ်မှာ ရှိသနည်းဟူ၍၎င်း ဆိုတတ်ကြသည်တကား။