Isaiah 5:3
ယခု မှာ အိုယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့၊ ငါ နှင့် ငါ့ စပျစ် ဥယျာဉ်အမှုကို စီရင် ကြပါလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 51:4ကိုယ်တော် ကို ပြစ်မှားပါပြီ။ ကိုယ်တော် ကိုသာ ပြစ်မှား ၍ မျက်မှောက် တော်၌ ပင် မ တရားသောအမှုကို ပြု ပါပြီ။ သို့ဖြစ်၍ မိန့် တော်မူချက်သည် ဖြောင့် ပါ၏။ တရား စီရင်တော်မူချက်သည် အပြစ် လွတ်ပါ၏။
Micah 6:2အိုတောင် တို့၊ ခိုင်ခံ့ သောမြေ အမြစ် တို့၊ ထာဝရဘုရား ၏တရား တွေ့မှုကို နားထောင် ကြလော့။ ထာဝရဘုရား သည် မိမိ လူမျိုး နှင့် တရား တွေ့စရာရှိ၏။ ဣသရေလ အမျိုးနှင့် ဆွေးနွေး ငြင်းခုံတော်မူမည်။
Mark 12:9သို့ဖြစ်လျှင် ၊ ဥယျာဉ် ရှင် သည် အဘယ်သို့ ပြု မည်နည်း၊ သူသည်လာ ၍ ဥယျာဉ်စောင့် တို့ကို သုတ်သင် ပယ်ရှင်းပြီးမှ ထိုဥယျာဉ် ကို အခြား သောသူတို့အား ပေး လိမ့်မည်။”
Romans 2:5ထိုသို့ပြုလျှင်စိတ် ခိုင်မာ ၍ နောင်တ မရသည်နှင့်အညီ ဒေါသ နေ့ တည်းဟူသောဘုရားသခင် ၏ တရား တော်ထင်ရှား သောနေ့၌ ကိုယ် ခံစရာဘို့ အမျက် ဒေါသကို ဆည်းပူး သလော။