မိက္ခာအနာဂတ္တိကျမ်း 6:2
အိုတောင် တို့၊ ခိုင်ခံ့ သောမြေ အမြစ် တို့၊ ထာဝရဘုရား ၏တရား တွေ့မှုကို နားထောင် ကြလော့။ ထာဝရဘုရား သည် မိမိ လူမျိုး နှင့် တရား တွေ့စရာရှိ၏။ ဣသရေလ အမျိုးနှင့် ဆွေးနွေး ငြင်းခုံတော်မူမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 6
Cross References
Deuteronomy 32:22ငါ သည် အမျက် ထွက်၍ မီး ရှို့ သဖြင့် ၊ အနက်ဆုံး သောမရဏာ နိုင်ငံသို့ လောင် လိမ့်မည်။ မြေ နှင့် မြေ အသီးအနှံ ကို ကျွမ်း စေ၍ တောင် ခြေရင်း တိုင်အောင်လောင် လိမ့်မည်။
2 Samuel 22:16ထိုအခါ ထာဝရဘုရား သည် အပြစ် တင်၍၊ နှာခေါင်း တော်ထဲက အသက် ရှုတော်မူသောအားဖြင့် သမုဒ္ဒရာ အောက်ပြင် နှင့် လောက တိုက်မြစ် တို့သည် ဖွင့်လှစ် ထင်ပေါ် လျက် ရှိကြ၏။
Proverbs 8:29သမုဒ္ဒရာ ၌ ကန့် ကွက်သောအပိုင်းအခြားကို ရေ မ လွှမ်း ရမည်အကြောင်းစီရင် သောအမှု၊ မြေကြီး တိုက်မြစ် တည်သော အမှု တို့ကို ပြီးစီး စေတော်မူသောအခါ ၊
Isaiah 3:13ထာဝရဘုရား သည် မိမိအမှုကို စောင့် အံ့သောငှါ ထ တော်မူ၏။ မိမိလူ တို့ကို တရား စီရင်မည်ဟု အားထုတ် တော်မူ၏။
Isaiah 43:26ငါသည် ငါ့ ကျွန် ၏ စကား ကို တည် စေ၍ ၊ ငါ့ တမန် တို့ ဟော ပြောသည်အတိုင်း ပြု တတ်၏။ ယေရုရှလင် မြို့ကို သင်သည် လူ နေရာဖြစ်လိမ့်မည်ဟူ၍၎င်း၊ ယုဒ မြို့ တို့ကို သင်တို့သည် တည်ဆောက် လျက်ရှိကြလိမ့်မည်။ ပြို ပျက်ရာများကို ငါပြုပြင် မည်ဟူ၍၎င်း ဆို ၏။
Jeremiah 2:29ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့သည် အဘယ် အကျိုးအလိုငှါ ငါ နှင့် တရားတွေ့ ကြမည် နည်း။ သင် တို့ရှိသမျှ သည် ငါ့ ကို ပြစ်မှား ကြပြီ။