Isaiah 51:22
သင် ၏အရှင် ၊ မိမိလူတို့၏အမှုကို စောင့်တော်မူသောသင် ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ကြည့်ရှု လော့။ တုန်လှုပ် စေသော ဖလား ၊ ငါ့ အမျက် တော်ဖလား ၏ အနည် အဖတ်ကို သင် ၏လက် မှ ငါရုပ် ၍၊ သင်သည် နောက် တဖန်မ သောက် ရ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 35:1အိုထာဝရဘုရား ၊ အကျွန်ုပ် ၌ ဆန့်ကျင် ဘက်ပြု သောသူ တို့ကို ဆန့်ကျင် ဘက်ပြုတော်မူပါ။ အကျွန်ုပ် ကို စစ်တိုက် သောသူတို့ကို တိုက် တော်မူပါ။
Isaiah 29:9ဖင့်နွှဲ ၍ မှိုင်တွေ ကြလော့။ ကာမဂုဏ်၌ ပျော်မွေ့ ၍ မွှန် လျက်နေကြလော့။ စပျစ်ရည် ကို မ သောက်ဘဲ ယစ်မူး လျက်၊ သေရည် သေရက်ကို မ သောက်ဘဲ တိမ်း ယိမ်းလျက် ရှိကြ၏။
Isaiah 51:17ထာဝရဘုရား ၏လက် တော်၌ အမျက် တော် ဖလား ကို သောက် သော ယေရုရှလင် မြို့၊ နိုး လော့။ နိုး ၍ ထ လော့။ သင်သည် တုန်လှုပ် စေသောဖလား ကို အကုန် သောက် ခဲ့ပြီ။ အနည် အဖက်ကိုလည်း ညှစ် ခဲ့ပြီ။
Isaiah 54:9နောဧ လက်ထက်၌ လွှမ်းမိုးသောရေ ကို ငါသည် မှတ်၍၊ ထိုရေ သည် မြေကြီး ကို နောက် တဖန်မလွှမ်းမိုးရ ဟု ကျိန်ဆို ခြင်းကို ပြုသည်နည်းတူ ၊ သင့် ကို အမျက် မထွက်၊ မဆုံးမ ဟု ကျိန်ဆို ခြင်းကို ပြုပြီ။
Jeremiah 50:34သို့ရာတွင်၊ သူ တို့ကိုရွေးနှုတ် သော သခင်သည် အားကြီး ၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသောဘွဲ့ နာမရှိတော်မူ၏။ ထိုသခင်သည်သူ တို့ အမှု ကို ကျပ်တည်းစွာစောင့် ၍၊ ပြည် တော်ကို ငြိမ်ဝပ် စေလျက်၊ ဗာဗုလုန် မြို့သူမြို့သားတို့ကို နှောင့်ရှက် လျက် ပြုတော်မူမည်။
Lamentations 3:15ခါး သောဆေးနှင့် ငါ့ ကိုဖြည့် ၍၊ ဒေါန နှင့်ယစ်မူး စေတော်မူ၏။