Isaiah 51:3
ထိုသို့နှင့်အညီ၊ ထာဝရဘုရား သည် ဇိအုန် မြို့ကို ချမ်းသာ ပေးတော်မူမည်။ သူ ၏ဆိတ်ညံ ရာအရပ် အလုံးစုံ တို့ကို ချမ်းသာပေးမည်။ သူ ၏တော ကို ဧဒင် အရပ်ကဲ့သို့ ၎င်း ၊ သူ ၏လွင်ပြင် ကို ထာဝရဘုရား ၏ဥယျာဉ် ကဲ့သို့ ၎င်း ဖြစ် စေတော်မူသဖြင့် ၊ ဇိအုန် မြို့သည် ဝမ်းမြောက် ရွှင်လန်း ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်း ခြင်း၊ သီချင်း ဆိုခြင်း နှင့် ပြည့်စုံ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 13:10ထိုကာလအခါ၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့ကို ထာဝရဘုရား ဖျက်ဆီး တော်မ မူမှီ၊ ဇောရ မြို့သို့ သွား သောလမ်း၊ ယော်ဒန် မြစ် ပတ်ဝန်းကျင် အရပ်ရပ် ၌ ရေ များ၍ ထာဝရဘုရား ၏ ဥယျာဉ် တော်ကဲ့သို့ ၎င်း အဲဂုတ္တု ပြည် ကဲ့သို့ ၎င်း ဖြစ်သည်ကို၊ လောတ မြော် ကြည့် ၍ မြင် လျှင်၊
Psalms 102:13ထ တော်မူပါ။ ဇိအုန် မြို့ကို သနား တော်မူပါ။ ဇိအုန် မြို့ကို ကယ် မသနားရသောအချိန် ၊ ချိန်းချက် တော်မူ သောအချိန်ရောက် ပါပြီ။
Isaiah 12:1ထို ကာလ ၌ သင် မြွက်ဆို ရမည်ကား၊ အိုထာဝရ ဘုရား ၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ပါမည်။ အကျွန်ုပ် ကို အမျက်ထွက် တော်မူသော်လည်း ၊ တဖန် အမျက် တော်ငြိမ်း ၍ ၊ အကျွန်ုပ် ကို နှစ်သိမ့် စေတော်မူ၏။
Isaiah 35:1တော နှင့် လွင်ပြင် သည် ဝမ်းမြောက် လိမ့်မည်။ ဆိတ်ညံ သော အရပ်သည်လည်း ရွှင်လန်း ၍ ၊ နှင်းပွင့် ကဲ့သို့ အပွင့် ပွင့် လိမ့်မည်။
Isaiah 40:1သင် တို့၏ ဘုရား သခင်မိန့် တော်မူသည်ကား၊ ငါ ၏လူ တို့ကို နှစ်သိမ့် စေကြလော့။ နှစ်သိမ့် စေကြလော့။
Isaiah 41:19တော ၌ အာရဇ် ပင်၊ အကာရှ ပင်၊ မုရတု ပင်၊ သံလွင် ပင် များကို၎င်း၊ လွင်ပြင် ၌ ထင်းရူး ပင်၊ တဒေရ ပင်၊ တာရှုရ ပင်များကို၎င်းရောနှော လျက် စိုက် မည်။