Isaiah 51:4
ငါ ၏လူမျိုး ၊ ငါ့ လူစု တို့၊ ငါ့ စကားကို နားထောင် နာယူကြလော့။ ငါ့ ထံ မှ တရား ထွက် ၍ ငါ စီရင် ချက်သည် လူ များလင်း စရာဘို့ တည်ရလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 19:6သင် တို့သည်လည်း မင်း စည်းစိမ်ရှိသောယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်း သောလူမျိုး ဖြစ် ရကြလိမ့်မည် ဟူသောအမိန့် တော်ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆို လော့ဟု မိန့်တော်မူ၏။
Psalms 33:12ထာဝရဘုရား သည် အကြင် အမျိုး ၏ ဘုရား ဖြစ်၍၊ အကြင်လူစု ကို မိမိ အမွေ ဥစ္စာဘို့ ရွေးကောက် တော်မူ၏၊ ထိုအမျိုးနှင့် ထို လူစုသည် မင်္ဂလာ ရှိ၏။
Psalms 78:1ငါ ၏လူ များတို့၊ ငါ့ တရား ကို နာ ကြလော့။ ငါ မြွက် သော စကား ကို နားထောင် ကြလော့။
Psalms 147:20အခြားတပါးသော အမျိုးသား တို့ ၌ ထိုသို့ ပြု တော် မ မူ။ စီရင် တော်မူချက်များကို သူ တို့မ သိ ရကြ။ ဟာလေလုယ။
Isaiah 2:3များပြား သောသူ တို့ကလည်း ၊ လာ ကြလော့။ ထာဝရဘုရား ၏တောင် တော်၊ ယာကုပ် အမျိုး၏ ဘုရား သခင့်အိမ် တော်သို့ တက် သွားကြကုန်အံ့။ လမ်းခရီး တော် တို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါတို့သည် ခြေ တော်ရာသို့ လိုက်သွား ကြမည်ဟု ခရီးသွားလျက် ပြောဆို ကြလိမ့်မည်။ တရား တော်သည် ဇိအုန် တောင်မှ ၎င်း၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရုရှလင် မြို့မှ ၎င်း၊ ပေါ် ထွက်လိမ့်မည်။
Isaiah 42:1ငါထောက်မ သော ငါ့ ကျွန် ရင်း၊ ငါ နှစ်သက် မြတ်နိုးရာ ငါ ရွေးချယ် သောသူ ကို ကြည့်ရှု လော့။ ထိုသူ ၏အပေါ် ၌ ငါ့ ဝိညာဉ် ကို ငါတည် စေမည်။ သူသည် လူ အမျိုးမျိုးတို့ကို တရား ပေး လိမ့်မည်။