Isaiah 52:14
သူသည် လူ မဟုတ်သကဲ့သို့မျက်နှာပျက်ခြင်း၊ လူ သားမဟုတ်သကဲ့သို့ အဆင်း အသရေပျက် ခြင်းရှိသည် ကို၊ အများ သောသူတို့ သည် အံ့ဩ မိန်းမောကြသည် ဖြစ်၍၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 22:6အကျွန်ုပ် မူကား ၊ လူ မ ဟုတ်၊ ပိုး ကောင်မျှသာ ဖြစ်ပါ၏။ လူ များ ကဲ့ရဲ့ စရာ၊ လူစု အရှက် ခွဲစရာဘို့ ဖြစ်ပါ၏။
Psalms 22:17ကိုယ် အရိုး ရှိသမျှ တို့ကို အကျွန်ုပ်ရေတွက် နိုင် ပါ၏။ သူ တို့သည် အကျွန်ုပ် ကိုကြည့် မြင်၍ အား ရလျက် နေကြပါ၏။
Psalms 102:3အကြောင်း မူကား၊ အကျွန်ုပ် ၏ နေ့ရက် ကာလ သည် မီးခိုး ကဲ့သို့ ကုန် တတ်ပါ၏။ အကျွန်ုပ် ၏ အရိုး တို့ သည် မီး ချေးကဲ့သို့ ကျွမ်း ကြပါ၏။
Isaiah 53:2ထာဝရဘုရား၏ကျွန်သည် အညွန့် ကဲ့သို့ ၎င်း၊ သွေ့ ခြောက်သောမြေ ၌ ပေါက် သောအတက် ကဲ့သို့ ၎င်း၊ ရှေ့ တော်၌ ကြီးပွား ၏။ ပမာဏပြုစရာ အဆင်း တင့်တယ်ခြင်းမ ရှိ။ ချစ် လို ဘွယ်သော မျက်နှာ လက္ခဏာ နှင့် မ ပြည့်စုံ။
Matthew 22:22ထိုသူတို့သည် ကြား ရလျှင် အံ့ဩ ၍ အထံ တော်မှ ထွက် သွား ကြ၏။
Matthew 27:14စကား တစ် ခွန်းကိုမျှ ပြန် တော်မ မူသည်ကို မြို့ဝန်မင်း သည် အလွန် အံ့ဩ လေ၏။