Isaiah 52:7
ငြိမ်သက် ခြင်း၏ ဝမ်းမြောက် စရာ သိတင်းကို ကြား ပြောသောသူ၊ ကယ်တင် ခြင်းကောင်းကျိုး ချမ်းသာ၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၊ သင် ၏ ဘုရား သခင်စိုးစံ တော်မူ၏ဟု ဇိအုန် မြို့အား ပြော သောသူ ၏ ခြေ တို့သည် တောင် ပေါ် မှာ အလွန်တင့်တယ် လှစွ တကား။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 59:13အမျက် တော်အားဖြင့် ပျောက်ပျက် စေတော်မူပါ။ အကုန် အစင်ပျောက်ပျက် စေတော်မူပါ။ ဘုရား သခင်သည် ယာကုပ် အမျိုးမှစ၍ မြေကြီး စွန်း တိုင်အောင် အုပ်စိုး တော်မူကြောင်း ကို သူ တို့သည် သိ ကြ ပါစေသော။
Psalms 93:1ထာဝရဘုရား သည် စိုးစံ ၍၊ အာနုဘော် နှင့် တန်ဆာ ဆင်တော်မူ၏။ ထာဝရဘုရား သည် ထိုသို့ ဝတ်ဆင် ၍၊ ခွန်အား ကို ခါးပန်းစည်း တော်မူ၏။ သို့ ဖြစ်၍၊ လောကဓါတ် သည် မ လှုပ် မရှားနိုင်အောင် တည် လျက် ရှိ၏။
Psalms 97:1ထာဝရဘုရား သည် စိုးစံ တော်မူ၏။ မြေကြီး သည် ဝမ်းမြောက် ၍၊ ကျွန်း များတို့သည်လည်း ရွှင်လန်း ကြစေ။
Psalms 98:3ဣသရေလ အမျိုးသားတို့၌ ကရုဏာ တော်နှင့် သစ္စာ တော်ကို အောက်မေ့ တော်မူပြီ။ ငါ တို့ဘုရား သခင်၏ ကယ်တင် တော်မူခြင်းကျေးဇူးကို မြေကြီး စွန်း အပေါင်း တို့သည် မြင် ရကြပြီ။
Song of Solomon 2:8ငါ ချစ် ရာသခင်၏စကား သံပေ။ ကြည့် ပါ။ တောင် ကြီးတောင် ငယ်တို့ကို ခုန်ကျော် လျက်ကြွလာ ၏။
Isaiah 33:22အကြောင်း မူကား၊ ထာဝရဘုရား သည် ငါ တို့၏ တရားသူကြီး ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ငါ တို့၏ ပညတ် တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ငါ တို့၏ ရှင် ဘုရင်ဖြစ်၍၊ ငါ တို့ကို ကယ်တင် တော်မူလိမ့်မည်။