Isaiah 54:7
သင့်ကို ခဏ သာ ငါစွန့် သည် ဖြစ်၍ ၊ များ စွာသော ကရုဏာ နှင့် တဖန်သိမ်းဆည်း ဦးမည်။
မြန်မာကျမ်းစာ
In The King James Version
For a small moment have I forsaken thee; but with great mercies will I gather thee.
In Context
Cross References
Psalms 30:5အမျက် တော်သည် ခဏ ထွက်၏။ ကျေးဇူး တော်မူကား၊ တသက်လုံး တည်၏။ ညဦး ယံ၌ ငိုကြွေး ခြင်းသည် လာ၍တည်းခို ၏။ နံနက် ယံ၌ ကား ၊ သီချင်း ဆိုရသော အခွင့် ရှိ၏။
Psalms 106:47အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၊ သန့်ရှင်း သော နာမ တော်၏ ဂုဏ်ကျေးဇူးသည် ကြီးလှပါ ၏ဟု အကျွန်ုပ်တို့သည် ဝန်ခံ ၍၊ ကိုယ်တော် ကို ချီးမွမ်း ခြင်း၌ ဝါကြွား ဝမ်းမြောက်မည်အကြောင်း ၊ အကျွန်ုပ် တို့ကို ကယ်တင် လျက် ၊ တပါးအမျိုးသား တို့အထဲ က နှုတ်ယူ၍ စုသိမ်း တော်မူပါ။
Isaiah 11:11ထို ကာလ ၌ ထာဝရဘုရား သည် လက် တော်ကို ဆန့်၍၊ ကျန် ကြွင်းသော ကိုယ်တော် ၏ လူ တို့ကိုအာရှုရိ ပြည်၊ အဲဂုတ္တု ပြည်၊ ပါသရု ပြည်၊ ကုရှ ပြည်၊ ဧလံ ပြည်၊ ရှိနာ ပြည်၊ ဟာမတ် ပြည်၊ ပင်လယ် တဘက်၌ရှိသောပြည် များတို့မှ ကယ် ယူခြင်းငှါ တဖန် ပြု တော်မူလိမ့်မည်။
Isaiah 27:12အိုဣသရေလ အမျိုးသား တို့၊ ထို ကာလ ၌ လည်း ၊ ထာဝရဘုရား သည် မြစ် ကြီးမှစ၍ ၊ အဲဂုတ္တု မြစ် တိုင်အောင်သစ်သီးများကို သိမ်းယူတော်မူသဖြင့်၊ သင် တို့သည် တ ယောက်နောက် တ ယောက်၊ ကောက် သိမ်းခြင်း ကျေးဇူးတော်ကိုခံရကြလိမ့်မည်။
Isaiah 43:5တယောက် က၊ ငါ သည် ထာဝရဘုရား ၏ လူဖြစ် သည်ဟု ဆို လိမ့်မည်။ တယောက် သည်လည်း ၊ ယာကုပ် အမည် ဖြင့် ကိုယ်ကိုကိုယ်မှည့် လိမ့်မည်။ တယောက် သည် လည်း ၊ ထာဝရဘုရား ၏ လူဟူ၍ မိမိ လက် တွင် စာ ထိုး လျက် ၊ ဣသရေလ အမည် သစ်ဖြင့် ကိုယ်ကိုကိုယ်မှည့် လိမ့်မည်။
Isaiah 56:8အရပ်ရပ်၌ ကွဲပြား သော ဣသရေလ အမျိုးသားတို့ကို စုဝေး စေသော အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ စုဝေး ပြီးသော သူများမှတပါး အခြားသောသူတို့ ကို ထိုအစုအဝေး၌ ငါစုဝေး စေဦးမည်ဟု မိန့်တော်မူ ၏။