Isaiah 27:12
အိုဣသရေလ အမျိုးသား တို့၊ ထို ကာလ ၌ လည်း ၊ ထာဝရဘုရား သည် မြစ် ကြီးမှစ၍ ၊ အဲဂုတ္တု မြစ် တိုင်အောင်သစ်သီးများကို သိမ်းယူတော်မူသဖြင့်၊ သင် တို့သည် တ ယောက်နောက် တ ယောက်၊ ကောက် သိမ်းခြင်း ကျေးဇူးတော်ကိုခံရကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 30:3သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် ခံရ သောသိမ်းသွား ခြင်းအမှုကို ကုန်စေမည် အကြောင်း၊ သင့် ကို သနား သဖြင့် တဖန် ပြန်လာ ၍၊ အထက်ကအရပ်ရပ်နှင်ထုတ် ရာ အပြည်ပြည် တို့မှ သိမ်းယူ တော်မူလိမ့်မည်။
Joshua 15:4အဇမုန် ရွာကို ရှောက် သဖြင့် အဲဂုတ္တု ချောင်း သို့ လိုက် ၍ ပင်လယ် ၌ ဆုံး လေ၏။
Nehemiah 1:9ကိုယ်တော်က၊ သင် တို့သည် လွန်ကျူး လျှင်၊ သင် တို့ကို တပါး အမျိုးသားတို့တွင် ငါ ကွဲပြား စေမည်။ တဖန် ငါ့ ထံသို့ ပြန်လာ ၍၊ ငါ့ ပညတ် တို့ကိုကျင့်စောင့် ပြန်လျှင်၊ မိုဃ်းကောင်းကင် အောက် အဝေးဆုံးသောအရပ်သို့ နှင်ထုတ် ခြင်းကိုခံရသော်လည်း၊ ထို အရပ်က ငါသိမ်းယူ ၍၊ ငါ့ နာမ တည် ရာဘို့ ငါရွေးချယ် သော အရပ် သို့ ဆောင် ခဲ့မည်ဟု ကိုယ်တော် ကျွန် မောရှေ ၌ထား တော်မူသော ဂတိ တော်ကိုအောက်မေ့ တော်မူပါ။
Psalms 72:8ပင်လယ် တပါးမှ တပါး တိုင်အောင် ၎င်း ၊ မြစ် မှ သည် မြေ စွန်း တိုင်အောင် ၎င်း အစိုးရ တော်မူ လိမ့်မည်။
Isaiah 17:6သို့ရာတွင် ၊ သံလွင် ပင်ကို လှုပ် ပြီးမှအပင်ဖျား ၌ အသီးနှစ် လုံးသုံး လုံး၊ အသီး ကောင်းသော အခက် တို့၌ လေး ငါး လုံးရှိတတ်သကဲ့သို့ ၊ ကောက် သိမ်းစရာ အကြွင်း ရှိရလိမ့်မည်ဟု ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ၏။
Isaiah 56:8အရပ်ရပ်၌ ကွဲပြား သော ဣသရေလ အမျိုးသားတို့ကို စုဝေး စေသော အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ စုဝေး ပြီးသော သူများမှတပါး အခြားသောသူတို့ ကို ထိုအစုအဝေး၌ ငါစုဝေး စေဦးမည်ဟု မိန့်တော်မူ ၏။