Isaiah 55:11
ထိုအတူ ငါ ၏နှုတ်ကပတ် စကား သည် ဖြစ် လိမ့်မည်။ အကျိုး မရှိဘဲ ငါ့ ထံသို့ မ ပြန် ရ။ ငါ့အလို ကို ပြည့်စုံ စေမည်။ ငါစေခိုင်း သော အမှု ၌ အောင် လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 3:19ရှမွေလ သည် အစဉ်အတိုင်းကြီး ၍ ၊ ထာဝရဘုရား သည် သူ နှင့်အတူ ရှိ တော်မူသဖြင့် ၊ သူ ၏ စကား တခွန်းမျှ ပျက် စေခြင်းငှါအခွင့်ပေးတော်မ မူ။
Isaiah 45:23ငါ့ ရှေ့ ၌ လူတိုင်း ဒူးထောက် ရမည်၊ လူတိုင်း မိမိ နှုတ် နှင့် သစ္စာခံ ရမည်ဟု ကိုယ်ကိုကိုယ် တိုင်တည် ၍ ငါကျိန်ဆိုသော တရား စကား သည် ငါ့ နှုတ် မှ ထွက် သည် ဖြစ်၍ ၊ မ ပြည့်စုံ ဘဲ မနေရ။
Isaiah 54:9နောဧ လက်ထက်၌ လွှမ်းမိုးသောရေ ကို ငါသည် မှတ်၍၊ ထိုရေ သည် မြေကြီး ကို နောက် တဖန်မလွှမ်းမိုးရ ဟု ကျိန်ဆို ခြင်းကို ပြုသည်နည်းတူ ၊ သင့် ကို အမျက် မထွက်၊ မဆုံးမ ဟု ကျိန်ဆို ခြင်းကို ပြုပြီ။
Jeremiah 1:12ထာဝရဘုရား က၊ သင်သည်မှန်ကန် စွာမြင်ပြီ။ အကြောင်းမူကား၊ ငါ့ စကား ကို ပြည့်စုံ စေခြင်းငှါ ၊ ငါ စောင့် နေမည်ဟု မိန့် တော်မူ၏။
Jeremiah 25:13ငါခြိမ်း သော စကား များတည်းဟူသော ယေရမိ သည် ခပ်သိမ်း သော တိုင်း နိုင်ငံတို့တဘက်၌ ဟောပြော ၍၊ ဤ စာ ၌ ရေး ထားသော စကားရှိသမျှ တို့ကို ခါလဒဲ တိုင်း နိုင်ငံအပေါ် မှာ ငါသက်ရောက် စေမည်။
Matthew 24:35ကောင်းကင် နှင့် မြေကြီး မ တည်သော်လည်း ငါ့ စကား တည် လိမ့်မည်။