Isaiah 57:13
ထိုသို့သော အမှုသည် အကျိုး ကို မ ပေးနိုင်။ သင် သည် အော်ဟစ် သောအခါ ၊ သင် ၏အလုံး အရင်းတို့ သည် ကယ်နှုတ် ကြစေ။ လေ သည် သူ တို့ကို တိုက် သွားလိမ့်မည်။ လေ တမှုတ်နှင့် လွင့် ကြလိမ့်မည်။ ငါ့ ကို ကိုးစား သော သူမူကား ၊ ပြည် တော်ကို ပိုင် ၍ ၊ ငါ ၏သန့်ရှင်း သော တောင် ကို အမွေ ခံရလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
12သင် ၏ကုသိုလ် နှင့် ၊ သင် ပြုသောအမှု တို့ကို ငါ ဘော်ပြ မည်။
Cross References
2 Kings 3:13ဧလိရှဲ သည် ဣသရေလ ရှင်ဘုရင် အား လည်း ၊ ငါ သည်သင် နှင့် အဘယ် သို့ဆိုင်သနည်း။ သင့် အဘ ၏ ပရောဖက် ၊ သင့်အမိ ၏ ပရောဖက် တို့ထံသို့ သွား လော့ဟု ဆို လျှင် ၊ ဣသရေလ ရှင်ဘုရင် က၊ မ ဆိုပါနှင့်။ ထာဝရဘုရား သည် ဤ ရှင်ဘုရင် သုံး ပါးတို့ကို မောဘ လူတို့ လက် သို့ အပ် ခြင်းငှါ စုဝေး စေတော်မူသည်တကားဟု ဆို သော်၊ “
Psalms 1:4မတရား သောသူတို့ မူကား ထို ကဲ့သို့မ ဟုတ်။ လေ တိုက်၍ လွင့် သောဖွဲ နှင့်တူ ကြ၏။
Psalms 37:9ပြစ်မှား သောသူတို့သည် ပယ်ရှင်း ခြင်းကိုခံရကြ လိမ့်မည်။ ထာဝရဘုရား ကို မြော်လင့် သောသူတို့မူကား ၊ ပြည် တော်ကို အမွေ ခံရကြလိမ့်မည်။
Psalms 37:22ကောင်းကြီး ပေးတော်မူခြင်းကို ခံရသောသူသည် ပြည် တော်ကို အမွေ ခံရလိမ့်မည်။ ကျိန် တော်မူခြင်း ကို ခံရသောသူမူကား ၊ ပယ်ရှင်း ခြင်းသို့ ရောက်ရ လိမ့်မည်။
Psalms 37:34ထာဝရဘုရား ကို မြော်လင့် ၍ ၊ လမ်း တော်ကို ရှောက်သွား လော့။ ပြည် တော်ကို အမွေ ခံရသောအခွင့်နှင့် ချီးမြှောက် တော်မူမည်။ မတရား သောသူတို့ ဆုံးရှုံး ခြင်းကို သင်သည် ကြည့်မြင် ရလိမ့်မည်။
Psalms 84:12ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ကိုယ်တော် ၌ ခိုလှုံ သောသူ သည် မင်္ဂလာ ရှိပါ၏။