Isaiah 6:2
ကောင်းကင်တမန် သရပ် တို့သည် ပလ္လင်တော် တဘက်တချက်၌ ရပ်နေကြ၏။ သူတို့သည် အတောင် ခြောက် ခုစီရှိ၍၊ အတောင်နှစ် ခုဖြင့် မျက်နှာ ကိုဖုံး လျက်၊ အတောင်နှစ် ခုဖြင့် ခြေ တို့ကို ဖုံး လျက်၊ အတောင်နှစ် ခုဖြင့် ပျံ တတ်ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 3:6ငါ သည်သင့် အဘ ၏ဘုရား ၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား ဖြစ်သည်ဟူ၍၎င်း မိန့် တော်မူ၏။ မောရှေ သည် ဘုရား သခင်ကို မ ကြည့် ဝံ့၊ မိမိ မျက်နှာ ကို ဖုံး လျက်နေ၏။
Exodus 37:9ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာ ချင်း ဆိုင် ၍၊ သေတ္တာဖုံး ကို ရှု လျက်၊ မိမိ အတောင် ကို ဖြန့် ၍ သေတ္တာဖုံး ကို မိုး လျက် ရှိ ၏။
1 Kings 6:27အတောင်ဖျားတစ်ဘက်တချက်၌ ထရံကိုမှီလျက်၊ အလယ် မှာ အတောင်ဖျားတခုနှင့်တခုထိလျက် ရှိကြ၏။
1 Kings 19:13ထိုအသံကို ဧလိယ သည်ကြား လျှင် ၊ မျက်နှာ ကို ဝတ်လုံ နှင့် ဖုံးအုပ် လျက် ထွက် ၍ ဥမင် ဝ ၌ရပ် နေ၏။ ထိုအခါ ဧလိယ ၊ သင် သည်ဤ အရပ်၌ အဘယ်သို့ ပြုလျက် နေသနည်းဟု အသံ လာ၏။
Nehemiah 9:6ကိုယ်တော် သာလျှင် ထာဝရဘုရား ဖြစ်တော်မူ ၏။ အမြင့်ဆုံးသော ကောင်းကင် နှင့် ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့ကို၎င်း၊ မြေကြီး နှင့် မြေကြီး ပေါ် မှာ ရှိ ရှိသမျှတို့ကို၎င်း၊ ပင်လယ် နှင့် ပင်လယ် ၌ ပါသမျှ တို့ကို၎င်းဖန်ဆင်း တော်မူ၏။ အလုံးစုံ တို့ကို စောင့်မ တော်မူ ၏။ ကောင်းကင် ဗိုလ်ခြေ တို့သည် ကိုယ်တော် ကို ကိုးကွယ် ကြပါ၏။
Job 4:18အမှု တော်ထမ်းတို့ကို ယုံ တော်မ မူ။ ကောင်းကင်တမန် တော်တို့၌ စုံလင် ခြင်းမရှိဟု ထင်တော်မူ၏။