The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 6

1ဩဇိ မင်းကြီး အနိစ္စ ရောက်သော နှစ် တွင် ၊ ထာဝရ ဘုရားသည် အလွန်မြင့်မြတ် သောပလ္လင် ပေါ် မှာ ထိုင် တော်မူသည်ကို ငါမြင် ၏။ အဝတ် တော်တန်ဆာသည် ဗိမာန် တော်ကို ဖြည့် လေ၏။

2ကောင်းကင်တမန် သရပ် တို့သည် ပလ္လင်တော် တဘက်တချက်၌ ရပ်နေကြ၏။ သူတို့သည် အတောင် ခြောက် ခုစီရှိ၍၊ အတောင်နှစ် ခုဖြင့် မျက်နှာ ကိုဖုံး လျက်၊ အတောင်နှစ် ခုဖြင့် ခြေ တို့ကို ဖုံး လျက်၊ အတောင်နှစ် ခုဖြင့် ပျံ တတ်ကြ၏။

3သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် သန့်ရှင်း တော်မူ၏။ သန့်ရှင်း တော်မူ ၏။ သန့်ရှင်း တော်မူ၏။ မြေကြီး လုံး သည် ဘုန်း တော်နှင့် ပြည့် လေ၏ဟု တပါးကိုတပါး ကြွေးကြော် ၍ မြွက်ဆို ကြ ၏။

4ထိုသို့သော ကြွေးကြော် သံ ကြောင့်၊ တံခါး တိုင် တို့ သည် လှုပ်ရှား ၍၊ မီးခိုး နှင့် တအိမ် လုံးပြည့် လေ၏။

5ငါကလည်း၊ ငါ ၌ အမင်္ဂလာ ရှိ၏။ ငါအကျိုးနည်း ပြီ။ အကြောင်း မူကား၊ ငါ သည်ညစ်ညူး သော နှုတ်ခမ်း ရှိ လျက် ၊ ညစ်ညူး သောနှုတ်ခမ်း ရှိသောလူမျိုး တွင် နေ လျက် နှင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားတည်း ဟူသောရှင် ဘုရင်ကို၊ ကိုယ် မျက်စိ နှင့်မြင် လေပြီတကားဟု ဆို ၏။

6ထိုအခါ ကောင်းကင်တမန် သရပ် တပါး သည် ယဇ် ပလ္လင်ပေါ် က မီးညှပ် ဖြင့် ယူ သော မီးခဲ တခဲကို လက်နှင့်ကိုင် လျက်၊ ငါ ရှိရာသို့ ပျံ လာ၍၊

7ငါ့ နှုတ် ကိုတို့ ပြီးလျှင် ၊ ဤမီးခဲသည် သင် ၏ နှုတ်ခမ်း ကို တွေ့ ပြီ။ သင် ၏ဒုစရိုက် ကို သုတ်သင် ပြီ။ သင် ၏အပြစ် လည်း ပြေရှင်း ပြီဟု ဆို ၏။

8တဖန် ထာဝရဘုရား က၊ ငါသည်အဘယ်သူ ကို စေလွှတ် ရမည်နည်း။ ငါ တို့အဘို့ အဘယ် သူသွား မည်နည်းဟုမေး တော်မူသံ ကို ငါကြား လျှင် ၊ ငါက၊ အကျွန်ုပ် ရှိ ပါ၏။ အကျွန်ုပ် ကို စေလွှတ် တော်မူပါဟု လျှောက် လေ၏။

9ထာဝရဘုရားကလည်း၊ ထိုလူမျိုး ရှိရာသို့ သွား ပြီးလျှင် ၊ သင်တို့သည် ကြား လျက်ပင်၊ အနက်ကို နား မ လည် ဘဲ ကြား ကြလိမ့်မည်။ မြင် လျက်ပင်အာရုံ မ ပြုဘဲ မြင် ကြ လိမ့်မည်ဟု ပြော လော့။

10သူ တို့မျက်စိ မမြင်၊ နားမကြား၊ စိတ် နှလုံးမသိ၊ အကျင့်မပြောင်းလဲ ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရ သည်တိုင်အောင်၊ သူတို့စိတ် နှလုံးကို မိုက် စေလော့။ သူ တို့ နား ကိုလည်း ထိုင်း စေလော့။ သူ တို့မျက်စိ ကိုလည်း ပိတ် လော့ဟု မိန့် တော်မူ၏။

11အိုထာဝရဘုရား ၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်းဟု ငါမေး လျှောက်ပြန်လျှင်၊ မြို့ တို့ သည် မြို့သား မ ရှိ၊ အိမ် တို့သည် အိမ်သား မ ရှိအောင် ဖျက်ဆီး ခြင်းသို့ရောက်သဖြင့်၊ တပြည်လုံးသည် လူ ဆိတ်ညံရာသက်သက်ဖြစ်သည်တိုင်အောင် ၎င်း၊

12ထာဝရဘုရား သည် လူ တို့ကိုဝေးသောအရပ်သို့ ပြောင်း စေတော်မူ၍ ၊ ပြည် ထဲ မှာများ စွာသော စွန့်ပစ် ခြင်း ရှိသည်တိုင်အောင်၎င်း၊ ထိုကာလသည် ကြာလိမ့်မည်။

13ထိုပြည်၌ ဆယ် ဘို့တွင်တဘို့ ကြွင်းသေးသော်လည်း ၊ ထိုအကြွင်းသည် အထပ်ထပ် ဖျက်ဆီး ခြင်းကို ခံ ရ လိမ့်မည်။ သို့ရာတွင်၊ ထင်းရူး ပင်နှင့် သပိတ် ပင်တို့ကို ခုတ်လှဲ ၍၊ သစ်ငုတ် သည် ကြွင်းသကဲ့သို့ ၊ သန့်ရှင်း သော အနွယ် သည် ထိုပြည်၌ အငုတ် ဖြစ်လိမ့်မည်ဟု မိန့် တော်မူ ၏။

← Isaiah 5Read In The App, Free →Isaiah 7 →

Study Isaiah 6

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566