Isaiah 6:7
ငါ့ နှုတ် ကိုတို့ ပြီးလျှင် ၊ ဤမီးခဲသည် သင် ၏ နှုတ်ခမ်း ကို တွေ့ ပြီ။ သင် ၏ဒုစရိုက် ကို သုတ်သင် ပြီ။ သင် ၏အပြစ် လည်း ပြေရှင်း ပြီဟု ဆို ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 43:25ငါ သည် မိစ္ဆာ ဆရာတို့၏ ပုပ္ပ နိမိတ်များကို ပယ် ဖျောက်တတ်၏။ ဗေဒင် သမားတို့ကို ရူးသွပ် စေတတ် ၏။ ပညာရှိ တို့ကို လှန် ၍ သူ တို့၏ပညာ ကို မိုက် စေတတ် ၏။
Isaiah 53:10ထာဝရဘုရား သည် သူ့ ကို နှိပ်စက် ခြင်းငှါအလို တော် ရှိ၍ နာ စေတော်မူ၏။ သူသည် အပြစ်ဖြေသော ယဇ် ကိုပူဇော် ပြီးမှ ၊ အမျိုး အနွယ်တော်ကို မြင် ရလိမ့်မည်။ အသက် တော်လည်း ရှည် လိမ့်မည်။ ထာဝရဘုရား ၏ အကြံ တော်သည်လည်း သူ ၏လက် ၌ ပြည့်စုံ ခြင်းသို့ ရောက်လိမ့်မည်။
Daniel 10:16ထိုအခါ လူ သား ၏ သဏ္ဌာန် ရှိသောသူတဦးသည် ငါ့ နှုတ် ကို လက်နှင့်တို့ လျှင် ၊ ငါသည်နှုတ် ကို ဖွင့် ၍ ပြော ရသောအခွင့်ကို ရပြီးလျှင် ၊ အကျွန်ုပ် ၏သခင် ၊ ဗျာဒိတ် ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာ ကို ခံရ၍၊ ကိုယ်၌ ခွန်အား အလျှင်းမ ရှိပါ။
Zechariah 3:4ကောင်းကင်တမန်က၊ ညစ်ညူး သော အဝတ် ကို ချွတ်ပယ် ကြလော့ဟု မိမိ ရှေ့ မှာ ရပ် နေသောအခြားသူတို့ အား ဆို ၏။ ယောရှုအားလည်း၊ သင့် အပြစ် ကို ငါဖြေရှင်း ပြီ။ တင့်တယ် သော အဝတ်ကို ဝတ် စေမည်ဟု ဆို ၏။
Hebrews 9:13အကြောင်းမူကား ၊ အညစ်အကြေး ရှိသော သူ တို့ အပေါ်၌ ဖြန်း သောနွား အသွေး ၊ ဆိတ် အသွေး၊ နွားမ ကလေး၏ပြာ သည်၊ သူတို့ ကိုယ်ခန္ဓာ ၌ စင်ကြယ် ခြင်းကို ပြုနိုင်သည်မှန်လျှင်
1 John 2:1ချစ်သား တို့၊ သင် တို့သည်ဒုစရိုက်ကိုမ ပြု စေခြင်းငှာ ဤအရာ များကိုသင်တို့အား ငါရေး ၍ပေးလိုက်၏။ တစ်စုံတစ်ယောက် သောသူသည် ဒုစရိုက် ကိုပြုမိလျှင် ၊ ဖြောင့်မတ် တော်မူသောအရှင်ယေရှု ခရစ် တည်းဟူသောငါတို့အမှုဆောင် သခင်သည် ခမည်းတော် ထံ၌ ရှိ တော်မူ၏။