Isaiah 60:10
တပါးအမျိုး တို့သည် သင် ၏မြို့ရိုး ကို တည် ကြ လိမ့်မည်။ ရှင် ဘုရင်တို့သည်လည်း သင့် ကို ပြုစု ကြလိမ့်မည်။ အကြောင်း မူကား၊ ငါ သည် အမျက် ထွက်၍ သင့် ကို ဒဏ်ခတ် သော်လည်း ၊ စေတနာ စိတ်နှင့် သနား ဦးမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Ezra 6:3ယဇ် ပူဇော် ရာ အိမ် တော်ကိုတည် စေ။ တိုက်မြစ် ကို ခိုင်ခံ့ စွာချထားစေ။ အမြင့် အတောင် ခြောက် ဆယ်၊ အနံ အတောင် ခြောက် ဆယ်ရှိ၍၊
Nehemiah 2:7တဖန်တုံ၊ ရှင်ဘုရင် အလို တော်ရှိလျှင် ၊ မြစ် အနောက် ဘက်၌ရှိသောမြို့ဝန် တို့သည် ကျွန်တော် ကို မဆီး မတား၊ ယေရုရှလင်မြို့သို့ ပို့ရမည်အကြောင်း၊ အမိန့်တော်စာကို သနားတော်မူပါ။
Isaiah 12:1ထို ကာလ ၌ သင် မြွက်ဆို ရမည်ကား၊ အိုထာဝရ ဘုရား ၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ပါမည်။ အကျွန်ုပ် ကို အမျက်ထွက် တော်မူသော်လည်း ၊ တဖန် အမျက် တော်ငြိမ်း ၍ ၊ အကျွန်ုပ် ကို နှစ်သိမ့် စေတော်မူ၏။
Isaiah 49:23ရှင် ဘုရင်တို့သည် သင် ၏ ဘထွေး ၊ မိဖုရား တို့ သည် သင့် ကို မွေးစား သော အမိဖြစ် ကြလိမ့်မည်။ သင့် ရှေ့ မှာ ဦးညွှတ်ပြပ်ဝပ် ၍၊ သင် ၏ခြေ ၌ မြေမှုန့် ကို လျက် ကြလိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို ၎င်း၊ ငါ့ ကို မြော်လင့် သောသူတို့သည် ရှက် ကြောက်ခြင်းမ ရှိ ကြောင်းကို ၎င်းသင်သိ လိမ့်မည်။
Isaiah 54:8ပြင်းစွာသော အမျက် ထွက်၍ ခဏ မျှ ငါမျက်နှာ လွှဲ သော်လည်း ၊ ထာဝရ မေတ္တာ နှင့် သင့် ကို ကယ်မသနား ဦးမည်ဟု သင့် ကို ရွေးနှုတ် သော ထာဝရဘုရား မိန့် တော်မူ ၏။
Isaiah 60:3တပါးအမျိုးသား တို့သည် သင် ၏အလင်း သို့ ၎င်း ၊ ရှင်ဘုရင် တို့သည် သင် ၌ ပေါ်ထွန်း ခြင်းအရောင် သို့ ၎င်း လာ ကြလိမ့်မည်။