Isaiah 60:11
တပါးအမျိုးသား တို့၏ စည်းစိမ် ကို သင့် ထံသို့ ဆောင် ခဲ့၍၊ သူ တို့၏ရှင်ဘုရင် တို့ကိုလည်း ပို့သ မည် အကြောင်း၊ သင် ၏တံခါး တို့ကို နေ့ ညဉ့် မ ပိတ် ဘဲ အစဉ် ဖွင့် ထားရလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Nehemiah 13:19အဘိတ်နေ့တွင် နေ ရောင်ကွယ်၍ ဥပုသ် နေ့လွန် သည်တိုင်အောင် ၊ ယေရုရှလင်မြို့တံခါး တို့ကို ပိတ် ထားရမည်အကြောင်းစီရင် ၍ ၊ ဥပုသ် နေ့ ၌ ဝန် များကို မြို့ထဲသို့ မ သွင်း စေခြင်းငှါ မိမိ ကျွန် အချို့တို့ကို တံခါး တို့၌ ခန့် ထား၏။
Isaiah 49:23ရှင် ဘုရင်တို့သည် သင် ၏ ဘထွေး ၊ မိဖုရား တို့ သည် သင့် ကို မွေးစား သော အမိဖြစ် ကြလိမ့်မည်။ သင့် ရှေ့ မှာ ဦးညွှတ်ပြပ်ဝပ် ၍၊ သင် ၏ခြေ ၌ မြေမှုန့် ကို လျက် ကြလိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို ၎င်း၊ ငါ့ ကို မြော်လင့် သောသူတို့သည် ရှက် ကြောက်ခြင်းမ ရှိ ကြောင်းကို ၎င်းသင်သိ လိမ့်မည်။
Isaiah 60:18သင် ၏ပြည် ၌ အနိုင်အထက် ပြုခြင်းအသံကို နောက်တဖန် မ ကြား ရ။ သင် ၏နယ် အတွင်းတွင် လုယူ ဖျက်ဆီးခြင်းမရှိရ။ သင် ၏မြို့ရိုး ကို ကယ်တင် ခြင်းဟူ၍၎င်း၊ မြို့တံခါး တို့ကို ချီးမွမ်း ခြင်းဟူ၍၎င်း သမုတ် ရ လိမ့်မည်။
Revelation 21:25မြို့ တံခါး တို့ကို နေ့ အချိန်၌ အလျှင်း မ ပိတ် တတ်။ ညဉ့် မူကား မ ရှိ ။