Isaiah 60:13
ငါ ၏သန့်ရှင်း ရာဌာန ကို တင့်တယ် စေခြင်းငှါ ၊ လေဗနုန် ဘုန်း နှင့်တကွထင်းရူး ပင်၊ တဒေရ ပင်၊ တာရှုရ ပင်တို့သည် သင့် ထံသို့ တညီတညွတ် တည်းရောက် လာ ကြလိမ့်မည်။ ငါသည် ငါ ၏ခြေ တင်ရာအရပ် ကို ဘုန်းပွင့် စေမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Chronicles 2:15သို့ဖြစ်၍ ကိုယ်တော်အမိန့် ရှိသည်အတိုင်း ၊ ဂျုံဆန် ၊ မုယောဆန် ၊ စပျစ်ရည် ၊ ဆီ ကိုကိုယ်တော် ကျွန် တို့ အား ပေး ပါတော့။
Psalms 96:6ဘုန်း တန်ခိုးအာနုဘော် သည် ရှေ့ တော်၌ရှိ၏။ အစွမ်း သတ္တိနှင့် ဂုဏ် အသရေလည်း သန့်ရှင်း ရာ ဌာန တော်၌ ရှိ၏။
Isaiah 35:2အလွန်ပွင့်လန်း ၍ ဝမ်းမြောက် ခြင်း၊ သီချင်း ဆို ခြင်းနှင့်တကွ မြူးထူး လိမ့်မည်။ လေဗနုန် တောင်၏ ဘုန်း နှင့်၎င်း၊ ကရမေလ တောင်၊ ရှာရုန် အရပ်တို့၏ တင့်တယ်ခြင်း အသရေ နှင့်၎င်း ပြည့်စုံ လိမ့်မည်။ ထာဝရဘုရား ၏ ဘုန်း တော်ကို၎င်း၊ ငါ တို့ဘုရား သခင်၏ တန်ခိုး အာနုဘော် တော်ကို၎င်းမြင် ရကြလိမ့်မည်။
Isaiah 55:13အမျိုးမျိုးသော ဆူး ပင်အရာ ၌ ထင်းရူး ပင်နှင့် မုရတု ပင်တို့သည် ပေါက် ကြလိမ့်မည်။ ထိုအမှုသည်ထာဝရဘုရား ရှေ့တော်၌ အောက်မေ့ဘို့ရာ၊ မ ပျောက် မပျက်ရသောထာဝရ သက်သေ ဖြစ် ရလိမ့်မည်။
Hosea 14:6အညွှန့် တို့သည် ပြန့်ပွါး ၍ ၊ သံလွင် ပင်ကဲ့သို့ အသရေ တင့်တယ် လိမ့်မည်။ လေဗနုန် တောကဲ့သို့ မွှေးကြိုင် လိမ့်မည်။