Isaiah 60:5
ထိုအခါ သင် သည် ကြောက်ရွံ့ ခြင်းနှင့် ရွှင်လန်း ခြင်း ရှိလိမ့်မည်။ နှလုံး တုန်လှုပ်၍ ဝမ်းမြောက်လိမ့်မည်။ အကြောင်းမူကား၊ သမုဒ္ဒရာ ၏ကြွယ်ဝ ခြင်းသည် သင့် ဘက် သို့ ပြောင်းလဲ ၍၊ တပါးအမျိုးသား တို့၏ စည်းစိမ် သည် သင့် လက်သို့ ရောက် လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 33:19ထိုအမျိုးတို့သည် လူ များတို့ကို တောင် တော်သို့ ခေါ် ၍၊ တောင် တော်၌ တရား သဖြင့် ယဇ် ပူဇော် ကြ လိမ့်မည်။ ပင်လယ် စည်းစိမ် ၊ သဲ ၌ဝှက်ထား လျက်ရှိသောဘဏ္ဍာကို နို့စို့ ကြလိမ့်မည်။
Psalms 34:5ထာဝရ ဘုရားကို မျှော်ကြည့် ကြလော့။ အလင်း ကို ရကြလိမ့်မည်။ မျက်နှာ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ကြလိမ့်မည်။
Psalms 98:7ထာဝရဘုရားရှေ့တော်၌၊ ပင်လယ် နှင့် ပင်လယ် တန်ဆာ သည် အသံ ဗလံကို ပြုစေ။ လောကဓါတ် နှင့် လောကသား တို့သည် ထိုနည်းတူ၊
Isaiah 24:14ထိုသူတို့ သည် ကြွေးကြော် ၍ ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည်။ ထာဝရဘုရား ကို ချီးမွမ်းသောအသံနှင့် ပင်လယ် တဘက်မှ မြည် ကြလိမ့်မည်။
Isaiah 60:11တပါးအမျိုးသား တို့၏ စည်းစိမ် ကို သင့် ထံသို့ ဆောင် ခဲ့၍၊ သူ တို့၏ရှင်ဘုရင် တို့ကိုလည်း ပို့သ မည် အကြောင်း၊ သင် ၏တံခါး တို့ကို နေ့ ညဉ့် မ ပိတ် ဘဲ အစဉ် ဖွင့် ထားရလိမ့်မည်။
Isaiah 66:12ထာဝရဘုရား မိန့် တော်မူသည်ကား ၊ မြစ် ကဲ့သို့ ချမ်းသာ ကို၎င်း ၊ စီး သောရေ ကဲ့သို့ တပါး အမျိုးသား တို့၏ စည်းစိမ် ကို၎င်းယေရုရှလင် မြို့သို့ ငါ ရောက် စေမည်။ သင်တို့သည် သားမြတ်ကိုစို့ ၍ ခါး ၌ချီ ခြင်း၊ ဒူး ပေါ် မှာ မြှူ ခြင်းကို ခံစားရကြလိမ့်မည်။