Isaiah 61:4
ရှေး ပြိုပျက် ရာတို့ကို ပြုပြင် ကြလိမ့်မည်။ ရှေး ကာလ၌ သုတ်သင် ပယ်ရှင်းရာတို့ကို တည်ဆောက် ကြ လိမ့်မည်။ ဆိတ်ညံသောမြို့ရာ၊ အစဉ် အဆက် စွန့်ပစ် ရာအရပ် တို့ကို ပြုစု ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Ezra 9:9အကျွန်ုပ် တို့သည် ကျွန် ခံလျက်နေရပါ၏။ ထိုသို့ ကျွန် ခံလျက် နေရသော်လည်း ၊ အကျွန်ုပ် တို့၏ ဘုရား သခင် သည် စွန့်ပစ် တော်မ မူ။ အကျွန်ုပ် တို့ အသက် လွတ် ခြင်းငှါ ၎င်း၊ အကျွန်ုပ် တို့ ဘုရား သခင်၏အိမ် တော်ကို ထူထောင် ၍ ၊ ပြိုပျက် ရာတို့ကို ပြုပြင် ခြင်းငှါ ၎င်း ၊ ယုဒ ပြည် ယေရုရှလင် မြို့၌ ခိုလှုံရာအရပ်ကို အကျွန်ုပ် အား ပေး ခြင်းငှါ ၎င်း ၊ ပေရသိ ရှင် ဘုရင်တို့သည် အကျွန်ုပ် တို့၌ ကျေးဇူးပြုချင်သော စေတနာ စိတ်ကိုပေး သနားတော်မူပြီ။
Isaiah 49:8ထာဝရဘုရား မိန့် တော်မူသည်ကား ၊ နှစ်သက် ဘွယ်သော အချိန် ၌ သင် ၏စကားကို ငါနားထောင် ပြီ။ ကယ်တင် ရာကာလ ၌ သင့် ကို မစ ပြီ။ သင့် ကိုလည်း ငါ စောင့်ရှောက် ၍ ၊ သင်သည် ပြည် တော်ကို ပြုပြင် လျက်၊ ဆိတ်ညံ သော အမွေ ခံရာအရပ်တို့ကို အမွေ ပေးစေမည် အကြောင်း၊
Ezekiel 36:23တပါးအမျိုးသား တို့ အလယ် ၌သင်တို့ရှုတ်ချ သော ငါ ၏မဟာ နာမ တော်ကို ငါချီးမြှောက် မည်။ သူ တို့ မျက်မှောက် ၌ သင် တို့အားဖြင့် ငါ သည် ချီးမြောက် ရာသို့ ရောက်သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Amos 9:14သိမ်းသွား ခြင်းကို ခံရသောငါ ၏လူ ဣသရေလ အမျိုးသားတို့ကို တဖန် ငါဆောင် ခဲ့သဖြင့် ၊ သူတို့သည် ပျက်စီး သောမြို့ များကို ပြုပြင် ၍ နေကြလိမ့်မည်။ စပျစ် ဥယျာဉ်များကို စိုက် ၍ စပျစ်ရည်ကို သောက် ကြလိမ့်မည်။ လယ်ယာ များကို ပြုစု ၍ အသီး တို့ကို စား ကြလိမ့်မည်။