Isaiah 61:5
တပါးအမျိုးသား တို့သည် ရပ် လျက် ၊ သင် တို့သိုးစု များကို ထိန်း ကျောင်းကြလိမ့်မည်။ တကျွန်း တနိုင်ငံသား တို့သည် သင် တို့အဘို့ လယ် လုပ်၍ ၊ စပျစ် ဥယျာဉ်ကိုလည်း ပြုစုကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 14:1အကြောင်း မူကား၊ ထာဝရဘုရား သည် ယာကုပ် အမျိုးကို သနား ၍ ဣသရေလ အမျိုးကို တဖန် ရွေးကောက် သဖြင့် ၊ သူ တို့ကို နေရင်းပြည် ၌ နေရာ ချတော်မူလိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် သူ တို့နှင့် ပေါင်းဘော် ၍ ယာကုပ် အမျိုး ၌ ဆည်းကပ် ကြ လိမ့်မည်။
Isaiah 60:10တပါးအမျိုး တို့သည် သင် ၏မြို့ရိုး ကို တည် ကြ လိမ့်မည်။ ရှင် ဘုရင်တို့သည်လည်း သင့် ကို ပြုစု ကြလိမ့်မည်။ အကြောင်း မူကား၊ ငါ သည် အမျက် ထွက်၍ သင့် ကို ဒဏ်ခတ် သော်လည်း ၊ စေတနာ စိတ်နှင့် သနား ဦးမည်။