Isaiah 62:2
တပါးအမျိုးသား တို့သည် သင် ၏ဖြောင့်မတ် ခြင်း ကို၎င်း ၊ ရှင်ဘုရင် အပေါင်း တို့သည် သင် ၏ ဘုန်း အသရေကို၎င်း မြင် ရကြလိမ့်မည်။ ထာဝရဘုရား ၏ နှုတ် တော် ထွက်နာမ သစ် ဖြင့် သင့် ကို ခေါ် ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 17:5နောက်တဖန် သင် ၏ အမည် ကို အာဗြံ ဟုမ ခေါ် ရ။ သင် ၏အမည် ကို အာဗြံဟံ ဟုခေါ်ရ၏။ အကြောင်းမူကား ၊ ငါသည် သင့် ကို များ စွာသော လူ အမျိုးတို့၏ အဘ အရာ၌ ခန့်ထား ပြီ။
Genesis 32:28နောင် ၌ သင် ၏အမည် ကို ယာကုပ် ဟူ၍မ ခေါ် ရ၊ ဣသရေလ ဟူ၍ခေါ်ရမည်။ အကြောင်း မူကား၊ သင်သည် ဘုရားသခင် နှင့် ၎င်း ၊ လူ နှင့် ၎င်း ၊ မင်းကဲ့သို့ပြိုင် ၍ နိုင် လေပြီဟု မိန့် တော်မူ၏။
Psalms 138:4အိုထာဝရဘုရား ၊ လောကီ ရှင် ဘုရင်အပေါင်း တို့သည် နှုတ် တော်ထွက်စကား တို့ကို ကြား ရသည်ဖြစ်၍ ၊ ဂုဏ်တော်ကို ချီးမွမ်း ကြပါလိမ့်မည်။
Isaiah 49:23ရှင် ဘုရင်တို့သည် သင် ၏ ဘထွေး ၊ မိဖုရား တို့ သည် သင့် ကို မွေးစား သော အမိဖြစ် ကြလိမ့်မည်။ သင့် ရှေ့ မှာ ဦးညွှတ်ပြပ်ဝပ် ၍၊ သင် ၏ခြေ ၌ မြေမှုန့် ကို လျက် ကြလိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို ၎င်း၊ ငါ့ ကို မြော်လင့် သောသူတို့သည် ရှက် ကြောက်ခြင်းမ ရှိ ကြောင်းကို ၎င်းသင်သိ လိမ့်မည်။
Isaiah 60:1သင်ထ လော့။ လင်း လော့။ သင် ၏အလင်း ရောက် လာပြီ။ ထာဝရဘုရား ၏ဘုန်း တော်သည် သင် ၏ အပေါ် မှာ ပေါ်ထွန်း လျက်ရှိ၏။
Isaiah 60:16သင် သည် တပါးအမျိုးသား တို့၏ နို့ ကို စို့ ရ လိမ့်မည်။ ရှင်ဘုရင် တို့၏သားမြတ် ကိုလည်း စို့ ရလိမ့်မည်။ ငါ ထာဝရဘုရား သည်၊ သင့် ကို ကယ်တင် သောသူ၊ ယာကုပ် အမျိုး၌ တန်ခိုး ကြီးသောဘုရားသည်၊ သင့် ကို ရွေးနှုတ် သောသူဖြစ် ကြောင်းကို သင်သည် သိ ရလိမ့်မည်။