Isaiah 63:1
တင့်တယ် သော အဝတ် တန်ဆာဆင်ခြင်း၊ ကြီး သောတန်ခိုး ကြောင့် ဝါကြွားခြင်းရှိ၍၊ ပန်းဆိုး သော အဝတ် ကိုဝတ်လျက်၊ ဧဒုံ ပြည်ဗောဇရ မြို့မှ လာ သော ဤ သူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ ဖြောင့်မတ်ခြင်းတရား ကို ဟော ၍၊ ကယ်တင် ခြင်းငှာ တန်ခိုးကြီး သောငါ ပေတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 49:11မိမိ မြည်း ကို စပျစ် နွယ်ပင်၌ ၎င်း ၊ မြည်း ကလေး ကို အမြတ် ဆုံးသော စပျစ်နွှယ်ပင်၌ ၎င်း ချည်နှောင် ၍၊ မိမိ အဝတ် ပုဆိုးများကို စပျစ်သီး အသွေး တည်းဟူသော စပျစ်ရည် ဖြင့် လျှော် လိမ့်မည်။
1 Chronicles 1:44ဗေလ မင်းသေ ၍ သူ ၏အရာ ၌ ဗောဇရ အရပ်သားဇေရ ၏ သား ယောဗပ် သည် မင်း ပြုလေ၏။
Psalms 45:3တန်ခိုး ကြီး သောအရှင် ၊ ဘုန်း အသရေတော် ဖြစ်သော ကိုယ်တော် ၏ထား ကို ပေါင် တော်၌ စည်း တော်မူပါ။
Psalms 65:6ကိုယ်တော်သည် တန်ခိုး နှင့် ပြည့်စုံ သဖြင့် ၊ အားကြီး ၍ တောင် များကို တည် စေတော်မူ၏။
Song of Solomon 3:6မုရန် ၊ လောဗန် အစရှိသော ကုန်သည်ရောင်း တတ်သောနံ့သာမှုန့်မျိုးကို မီးရှို့၍၊ ထ သော မီးခိုး တိုင် သဏ္ဍာန် ရှိလျက်၊ တော ထဲ ကလာ သော ထို သူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ ရှောလမုန် မင်း၏ယာဉ်ပျံ တော်ကိုကြည့် ကြလော့။ သူရဲ ခြောက်ကျိပ် ၊ ဣသရေလ အမျိုးသားသူရဲ အချွေအရံ ရှိကြ၏။
Song of Solomon 8:5မိမိ ချစ် ရာသခင်၌ မြှောင် ၍တော ထဲ က လာ သောထို သူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ငါသည်ရှောက်ချို ပင်အောက်မှာ သင့် ကိုနှိုးဆော် ခဲ့ပြီ။ထို အရပ်၌ သင် ၏မိခင် သည်သင့် ကိုပေးစား ခဲ့ပြီ။ထို အရပ်၌ သင့် ကိုဘွားမြင် သောသူသည်သင့်ကိုပေးစား ခဲ့ပြီ။