The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 63

1တင့်တယ် သော အဝတ် တန်ဆာဆင်ခြင်း၊ ကြီး သောတန်ခိုး ကြောင့် ဝါကြွားခြင်းရှိ၍၊ ပန်းဆိုး သော အဝတ် ကိုဝတ်လျက်၊ ဧဒုံ ပြည်ဗောဇရ မြို့မှ လာ သော ဤ သူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ ဖြောင့်မတ်ခြင်းတရား ကို ဟော ၍၊ ကယ်တင် ခြင်းငှာ တန်ခိုးကြီး သောငါ ပေတည်း။

2ကိုယ်တော် သည် အဘယ်ကြောင့်နီ သောအဝတ် ကို ဝတ်တော်မူသနည်း။ အဝတ် တော်သည် စပျစ်သီးကို နင်းနယ် သောသူ ၏အဝတ်နှင့် အဘယ်ကြောင့် တူ ပါသနည်း။

3စပျစ်သီးကို ငါ တယောက် တည်းနင်းနယ် ရပြီ။ လူ များအထဲ ကတယောက် မျှမ ပါ။ သူ တို့ကို ငါ အမျက် ထွက်၍ ကျော် နင်းပြီ။ ပြင်းစွာအမျက် ထွက်၍ နှိပ်နင်း ပြီ။ သူ တို့အသွေး သည် ငါ့ အဝတ် ပေါ် မှာ ဖျန်း လျက်ရှိပြီ။ ငါ့ အဝတ် တန်ဆာရှိသမျှ ကို ငါ ဆိုးပြီ။

4အပြစ် ပေးသော နေ့ရက် ကို ငါ အောက်မေ့ ပြီ။ ငါ ရွေးနှုတ် သောသူတို့ ၏ နှစ် သည် ရောက် လာပြီ။

5ငါကြည့် ရှု၍ မစ သော သူမ ရှိ။ မှိုင်တွေ သော်လည်း ထောက် ပင့်သောသူမ ရှိ။ ထိုကြောင့် ၊ ကိုယ် လက် သည် ကိုယ် အဘို့ ကယ်တင် ခြင်းကို ပြုပြီ။ ကိုယ် ဒေါသ အမျက်သည် ကိုယ် ကိုထောက် ပင့်ပြီ။

6လူ များကို အမျက် ထွက်၍ ကျော်နင်း ပြီ။ ပြင်းစွာအမျက် ထွက်၍ ကျပ်ကျပ် နှိပ်နင်းပြီ။ သူ တို့အသွေး ကို မြေ ပေါ် မှာသွန် ပြီ။

7ကရုဏာနှင့် မဟာမေတ္တာတော်အတိုင်း ထာဝရဘုရားသည် ငါ တို့အား သနား တော်မူသောအရာအလုံးစုံ ကို၎င်း၊ ဣသရေလ အမျိုးသား တို့၌ ပြု တော်မူသော မဟာကျေးဇူး တော်ကို၎င်းထောက်၍၊ ထာဝရဘုရား ၏ မဟာမေတ္တာ တော်နှင့်၊ ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်ကို ငါချီးမွမ်း မည်။

8အကယ် စင်စစ်သူ တို့သည် ငါ ၏လူ ဖြစ်ကြ၏။ သစ္စာ မ ပျက်သော သား လည်း ဖြစ်ကြ၏ဟု မိန့် တော်မူသဖြင့် ၊ သူ တို့ကို ကယ်နှုတ် တော်မူ၏။

9အမှု ရောက်လေရာရာ ၌ သူတို့ကို ညှဉ်းဆဲတော်မမူ။ ရှေ့ တော်မှ စေလွှတ်သော ကောင်းကင်တမန် သည် ကယ်တင် လျက်၊ မေတ္တာ ကရုဏာ တော်ရှိသည်အတိုင်းရွေးနှုတ် တော်မူ၏။ ရှေး ကာလ ပတ်လုံး သူ တို့ကို ချီ ဆောင် တော်မူ၏။

10သူ တို့သည်လည်း ပုန်ကန် ၍ ၊ သန့်ရှင်း သော ဝိညာဉ် တော်ကို နာ စေကြ၏။ ထိုကြောင့် ၊ သူ တို့ကို ရန်ဘက် ပြု၍ စစ်တိုက် တော်မူ၏။

11ထိုအခါ ထာဝရ ဘုရား၏ လူ တို့သည် ရှေး ကာလ ၊ မောရှေ ၏ကာလကို အောက်မေ့ ကြ၏။ မိမိ လူ တို့ ကို သိုးထိန်း နှင့် တကွပင်လယ် ထဲက ထုတ် ဆောင်သော ဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း။ မိမိ လူတို့အထဲ ၌ သန့်ရှင်း သော ဝိညာဉ် တော်ကို သွင်း လျက်၊

12မောရှေ ၏လက်ျာ နား မှာ ဘုန်း ကြီးသော လက်ရုံး တော်ကို သွင်း ၍၊ အသရေ တော်ကို အစဉ် ထင်ရှား စေခြင်းငှါ ၊ သူ တို့ရှေ့ မှာ ရေ ကို ခွဲ သဖြင့်၊

13လွင်ပြင် ၌ မြင်း ကို နှင်သကဲ့သို့ ၊ အဆီး အတားမ ရှိဘဲ နက်နဲ ရာအရပ်၌ သူ တို့ကို ဆောင်သွား သော ဘုရား သည် အဘယ်မှာရှိတော်မူသနည်း။

14ချိုင့် ထဲသို့ သိုး နွား ဆင်း သွားသကဲ့သို့ ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ငြိမ်ဝပ် ရသောအခွင့်ကိုပေး တော်မူ၏။ ထိုသို့ အသရေ တော်ကို ထင်ရှား စေခြင်းငှါ ၊ ကိုယ်တော် ၏လူ တို့ကို ဆောင်သွား တော်မူပါပြီ။

15ကောင်းကင် ဘုံက ငုံ့ကြည့် တော်မူပါ။ သန့်ရှင်း ၍ ဘုန်း ကြီးသောနေရာ က ကြည့်ရှု တော်မူပါ။ စိတ် တော် အားကြီး၍ တန်ခိုး ကို ပြတော်မူခြင်း၊ ကရုဏာတော်လှုပ်ရှား၍ အကျွန်ုပ် တို့ကို သနား စုံမက်တော်မူခြင်းသည် အဘယ် မှာရှိပါသနည်း။ ချုပ်တည်း တော်မူသလော။

16အာဗြဟံ သည် အကျွန်ုပ် တို့ကိုမ သိ ၊ ဣသရေလ သည် လက် မ ခံသော်လည်း ၊ အကယ်စင်စစ်ကိုယ်တော် သည် အကျွန်ုပ် တို့အဘ ဖြစ်တော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော် သည် အကျွန်ုပ် တို့အဘ ဖြစ်တော်မူ၏။ ရှေး ကာလမှ စ၍အကျွန်ုပ် တို့ကို ရွေးနှုတ် သော ဘုရားဖြစ်တော်မူ၏။

17အိုထာဝရဘုရား ၊ ကိုယ်တော် ၏လမ်း မှ အကျွန်ုပ် တို့ကို အဘယ်ကြောင့် လွှဲ စေတော်မူသနည်း။ ကိုယ်တော်ကိုမကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ် တို့၏ စိတ်နှလုံး ကိုအဘယ်ကြောင့် ခိုင်မာ စေတော်မူသနည်း။ ကိုယ်တော် ၏ ကျွန်တို့အတွက်၊ အမွေ တော်ဖြစ်သောအနွှယ် တို့အတွက် ပြန်လာ တော်မူပါ။

18ကိုယ်တော် ၏ သန့်ရှင်း သူ တို့သည် ခဏ သာအစိုးရ ပြီးမှ၊ ရန်သူ တို့သည် သန့်ရှင်း ရာဌာနတော်ကို ကျော်နင်း ကြသည်ဖြစ်၍၊

19အကျွန်ုပ်တို့သည် ကိုယ်တော်မ အုပ်စိုး ဘူးသော သူကဲ့သို့၎င်း၊ နာမ တော်ဖြင့် သမုတ် ခြင်းကိုမ ခံဘူးသော သူကဲ့သို့၎င်း ဖြစ် ကြပါ၏။

← Isaiah 62Read In The App, Free →Isaiah 64 →

Study Isaiah 63

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566