Isaiah 64:2
မီး သည်အမှိုက် ကို လောင် သကဲ့သို့ ၎င်း၊ ရေ ကိုဆူ စေသကဲ့သို့၎င်း ဖြစ်ပါစေသော။ သို့ဖြစ်လျှင်၊ ကိုယ်တော် ၏ ရန်သူ တို့သည် နာမ တော်ကို သိ ၍၊ ရှေ့ တော်၌ လူ အမျိုးမျိုးတို့သည် တုန်လှုပ် ကြပါလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 14:4ငါသည်လည်း ၊ ဖာရော ဘုရင်၏ နှလုံး ကို ခိုင်မာ စေ၍ ၊ သူသည် ဣသရေလ တို့ကို လိုက် လိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို အဲဂုတ္တု လူတို့သည် သိ စေခြင်းငှာ၊ ထိုမင်း နှင့် သူ ၏စစ်သူရဲ အလုံးအရင်း အားဖြင့် ငါ့ဘုန်းပွင့် လိမ့်မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း ၊ ထိုသူတို့သည် ပြု ကြ၏။
Deuteronomy 2:25မိုဃ်း ကောင်းကင်အောက် ၌ ရှိသမျှ သောလူမျိုး တို့သည် ယနေ့ သင် တို့ကို ကြောက်ရွံ့ ထိတ်လန့်စ ရှိ မည်အကြောင်း ငါပြု မည်။ သင် တို့၏သိတင်း ကို ကြား ၍ တုန်လှုပ် ခြင်း၊ စိုးရိမ် ကြောင့်ကြခြင်းသို့ ရောက်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။
1 Kings 8:41နာမ တော်ကိုထောက် သဖြင့် ဝေး သောပြည် မှ ရောက် လာ၍၊ ဤ အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင်၊
Psalms 46:10ငြိမ်ဝပ် လျက် နေကြလော့။ ငါ ကား ဘုရား သခင်ဖြစ်သည်ဟု သိ မှတ်ကြလော့။ လူမျိုး တို့တွင် ငါသည် ဘုန်းပွင့် မည်။ မြေကြီး ပေါ် မှာ ဘုန်းပွင့် မည်။
Psalms 67:1ဘုရား သခင်သည် အကျွန်ုပ် တို့ကို သနားခြင်း ကရုဏာစိတ်တော်ရှိသဖြင့် ၊ ကောင်းကြီး ပေး၍ မျက်နှာ တော်၏အလင်း ကို လွှတ်တော်မူပါစေသော။
Psalms 83:13အကျွန်ုပ် ၏ ဘုရား သခင်၊ လေဘွေ ၌ ပါသွား သော အမှိုက် ကဲ့သို့ ၎င်း၊ လေတိုက် ၍ လွင့်သော ဖွဲ့ကဲ့သို့ ၎င်း သူ တို့ကို ဖြစ် စေတော်မူပါ။