Isaiah 64:1
ကိုယ်တော်သည် မိုဃ်းကောင်းကင် ကို ဖွင့်လှစ် ၍၊ ဆင်းသက် တော်မူပါစေသော။ ရှေ့ တော်၌ တောင် တို့သည် လှုပ် ကြပါစေသော။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 3:8သူ တို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် ၍ ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ ၊ နို့ နှင့် ပျားရည် စီး တတ်သော ပြည် သို့ ပို့ဆောင် ခြင်းငှါ ငါဆင်း လာပြီ။
Exodus 19:18ထာဝရဘုရား သည် မီး ဖြင့် လွှမ်းလျက်၊ သိနာ တောင်ပေါ် သို့ ဆင်းသက် တော်မူသောကြောင့် ၊ တတောင်လုံး မီးခိုး ထွက်လေ၏။ မီးခိုး သည်လည်း မီးဖို ၏မီးခိုး ကဲ့သို့ တက် ၍ တတောင် လုံး ပြင်းစွာ လှုပ် လေ၏။
Psalms 18:7ထိုအခါ အမျက် တော်ထွက်သောအားဖြင့် မြေကြီး တုန်လှုပ် ၍ ၊ တောင် အမြစ် တို့သည် တရွေ့ရွေ့လှုပ်ရှား ကြ၏။
Psalms 68:8ဘုရား သခင်၏ မျက်နှာ တော်ကြောင့် ၊ မြေကြီး လှုပ် ၍ မိုဃ်းကောင်းကင် သည် ယို စီးလေ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်မျက်နှာ တော်ကြောင့် သိနာ တောင်သည်လည်း တုန်လှုပ်၏။
Psalms 114:4တောင် ကြီးတို့သည် သိုး ကဲ့သို့ ၎င်း၊ တောင် ငယ်တို့သည် သိုးသငယ် ကဲ့သို့ ၎င်း ခုန် ကြ၏။
Psalms 144:5အိုထာဝရဘုရား ၊ ကိုယ်တော် ၏ မိုဃ်း ကောင်းကင်ကို ညွှတ် ၍ ဆင်းသက် တော်မူပါ။ တောင် တို့ကိုတို့ တော်မူပါ။ သူတို့သည် မီးခိုး ထွက်ကြပါလိမ့်မည်။