Isaiah 65:12
သင် တို့ကို ငါရေတွက် ၍ ၊ ထား ၌အပ်မည်။ ရှိသမျှ တို့သည် အသေသတ် ခြင်းကိုခံရအောင် ဦးချ ရကြ လိမ့်မည်။ အကြောင်း မူကား၊ သင်တို့သည် ငါခေါ် သောအခါ မ ထူး ကြ။ ငါပြော သောအခါ နား မ ထောင်ကြ။ ငါ့ မျက်မှောက် ၌ မကောင်း သောအကျင့် ကို ကျင့် ကြ၏။ ငါမ နှစ်သက် သော အရာကို ရွေး ယူကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 26:25ငါ့ပဋိညာဉ် ဘက်၌ နေ၍၊ တရားစီရင် ရသောထား ဘေးကိုသင် တို့အပေါ် မှာ ငါသက်ရောက် စေမည်။ သင် တို့သည် မြို့ ထဲ ၌ စုဝေး သောအခါ ၊ ကာလနာ ဘေးကို ငါစေလွတ် ၍ ၊ ရန်သူ လက် သို့ ရောက် စေမည်။
2 Chronicles 36:15ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိမိ လူမျိုး နှင့် မိမိ နေ တော်မူရာအရပ်ကို သနား သောကြောင့် ၊ စောစော ထ၍ အထပ်ထပ်စေလွှတ် သော တမန် တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊
Isaiah 1:16ကိုယ်ကိုကိုယ်ဆေးကြော ကြလော့။ ကိုယ်ကို ကိုယ်စင်ကြယ် စေကြလော့။ သင် တို့ဒုစရိုက် များကို ငါ့ မျက်မှောက် မှ ပယ်ရှား ကြလော့။ မကောင်း သောအကျင့် ကို ဖြတ် ကြလော့။
Isaiah 10:4ငါ့ကျေးဇူးကို မခံရသောသူတို့သည်၊ ချုပ်ထား လျက်ရှိသောသူတို့ အောက် မှာ ဦးချ ရကြလိမ့်မည်။ အသေသတ် ခြင်းကို ခံရသောသူတို့ အောက် မှာ လဲ ရကြ လိမ့်မည်။ သို့သော်လည်း၊ အမျက် တော်သည်မ ငြိမ်း ၊ လက် တော်သည်ဆန့် လျက်ရှိသေး၏။
Isaiah 41:28သူတို့ကို ငါကြည့် ရှုသောအခါ ၊ တစုံ တယောက်မျှ မ ရှိ။ သူ တို့တွင် သတိပေး သော သူတယောက်မျှမ ရှိ။ ပြန်ပြော စေခြင်းငှါ သူ တို့ကို ငါမေးမြန်း သော်လည်း၊
Isaiah 59:15သစ္စာ သည် ပျက် ခဲ့ပြီ။ ဒုစရိုက် ကို ရှောင် သောသူသည် လုယူ ခြင်းကို ခံရ၏။ ထိုအမှုကို ထာဝရဘုရား သည် မြင် လျှင် ၊ တရား မ ရှိသောကြောင့် မုန်း တော်မူ၏။