Isaiah 65:13
ထိုကြောင့်၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ကျွန် တို့သည် စား ကြလိမ့်မည်။ သင် တို့မူကား ၊ မွတ်သိပ် ကြလိမ့်မည်။ ငါ ၏ကျွန် တို့သည် သောက် ကြလိမ့်မည်။ သင် တို့မူကား ၊ ရေငတ် ကြလိမ့်မည်။ ငါ ၏ကျွန် တို့သည် ဝမ်းမြောက် ကြလိမ့်မည်။ သင် တို့မူကား ၊ ရှက် ကြောက် ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 34:10ခြင်္သေ့ တို့သည် ဆင်းရဲ ၍ ငတ်မွတ် ခြင်းကို ခံရသော်လည်း ၊ ထာဝရဘုရား ကို ရှာ သောသူတို့၌ ကောင်း သောအရာတစုံ တခုမျှ မ လို ရာ။
Proverbs 13:25ဖြောင့်မတ် သောသူသည် ဝ စွာစား ရသောအခွင့်ရှိ၏။ မ တရားသော သူမူကား ၊ မွတ်သိပ် ခြင်းကိုခံရလိမ့်မည်။
Isaiah 41:17ဆင်းရဲ သောသူနှင့် ငတ်မွတ် သောသူတို့ သည် ရေ ကိုရှာ ၍ မ တွေ့၊ ရေငတ် ၍ လျှာ သွေ့ ခြောက်သောအခါ၊ ငါ ထာဝရဘုရား သည် သူ တို့ စကားကို နားထောင် မည်။ ဣသရေလ အမျိုး၏ ဘုရား သခင်ဖြစ်သော ငါသည် သူ တို့ကို မ စွန့်။
Isaiah 61:7သင် တို့အရှက် ကွဲခြင်းအရာ ၌ နှစ်ဆ သော အကျိုးကို ခံရ၍၊ အသရေပျက် ခြင်းအရာ၌လည်း ၊ သူ တို့ အဘို့ ကို ခံစားလျက် ဝမ်းမြောက် ကြလိမ့်မည်။ သူ တို့မြေ ၌ နှစ်ဆ သောအဘို့ကို အမွေခံ ရ၍၊ ထာဝရ ဝမ်းမြောက် ခြင်း နှင့် ပြည့်စုံ ကြလိမ့်မည်။
Isaiah 66:14ထိုသို့ တွေ့ မြင်သဖြင့် ၊ သင် တို့၏နှလုံး သည် ရွှင်မြူး ၍ ၊ အရိုး တို့ သည်စိမ်းလန်းသော အပင် ကဲ့သို့ သန် ကြလိမ့်မည်။ ထာဝရဘုရား ၏ လက် တော်သည်လည်း ကျွန် တော်တို့အား၎င်း၊ အမျက်တော်သည် ရန်သူ တို့ အား၎င်း ထင်ရှား လိမ့်မည်။
Malachi 3:18တဖန် သင်တို့သည် ပြောင်းလဲ ၍ ဖြောင့်မတ် သောသူ၊ မ ဖြောင့်မတ်သောသူ၊ ဘုရား သခင်၏အမှု တော်ကို ဆောင်သောသူ၊ မ ဆောင် သောသူတို့ကို ပိုင်းခြား၍ သိ ရကြလိမ့်မည်။