Isaiah 65:22
သူတို့သည် အိမ်ကို ဆောက် ၍ အခြား သောသူ နေ ရမည်မ ဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက် ၍ အခြား သောသူစား ရမည်မ ဟုတ်။ ငါ ၏ လူ တို့အသက် သည် သစ်ပင် ၏အသက် ကဲ့သို့ ဖြစ်၍ ၊ သူ တို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 5:27မသုရှလ သည် အသက် နှစ် ပေါင်းကိုး ရာ ခြောက် ဆယ် ကိုး နှစ် စေ့ သော် သေ လေ၏။
Psalms 21:4သူ သည် အသက် ကို ဆုတောင်း ၍၊ ကိုယ်တော်သည်အသက်မက၊ ထာဝရ အသက် ကို ပေး သနားတော်မူပြီ။
Psalms 92:12ဖြောင့်မတ် သောသူသည် စွန်ပလွံ ပင်ကဲ့သို့ ပွင့်လန်း ၍ လေဗနုန် တောင်ပေါ် မှာ အာရဇ် ပင်ကဲ့သို့ ကြီးပွား လိမ့်မည်။
Isaiah 65:9ယာကုပ် အမျိုး ထဲက မျိုးစေ့ကို၎င်း၊ ယုဒ အမျိုးထဲက ငါ့ တောင် ကို အမွေခံ ရသောသူကို၎င်း ငါထုတ်ဘော် မည်။ ငါ ရွေးကောက် သောသူ တို့ သည် ပြည်တော်ကို အမွေခံ ၍ ၊ ငါ ၏ကျွန် တို့သည် နေ ရကြလိမ့်မည်။
Revelation 20:3အနှစ် တစ်ထောင် မ ကုန် မှီ တိုင်အောင် ၊ လူ အမျိုးမျိုးတို့ကို မလှည့်ဖြား ရမည်အကြောင်း ၊ အနက်ဆုံး သော တွင်းထဲသို့ ပစ်ချ လှောင် ထား၍ တံဆိပ် ခတ်လေ၏။ အနှစ်တစ်ထောင်ကုန်ပြီးမှတစ်ဖန် ခဏ လွှတ် ရဦးမည်။