Psalms 21:4
သူ သည် အသက် ကို ဆုတောင်း ၍၊ ကိုယ်တော်သည်အသက်မက၊ ထာဝရ အသက် ကို ပေး သနားတော်မူပြီ။
မြန်မာကျမ်းစာ
In The King James Version
He asked life of thee, and thou gavest it him, even length of days for ever and ever.
In Context
5ကယ်တင် တော်မူခြင်းအားဖြင့် သူ သည် ဘုန်း ကြီး ၍၊ လက်တော်မှ ဂုဏ် အသရေနှင့် တန်ခိုး အာနုဘော်ကိုခံရ ပါ၏။
Cross References
1 Kings 2:33ထိုသူ တို့၏ အသွေး သည် ယွာဘ ခေါင်း ၊ သား မြေးတို့၏ ခေါင်း ပေါ် မှာ အစဉ် သက်ရောက် ပါစေ။ ဒါဝိဒ် နှင့် သူ ၏ဆွေ တော်မျိုးတော်၊ နန်း တော်၊ ရာဇ ပလ္လင်တော်၌ ထာဝရဘုရား ပေးတော်မူသောငြိမ်ဝပ် ခြင်း အမြဲ သက်ရောက် ပါစေဟု မိန့် တော်မူသည်အတိုင်း၊
2 Kings 11:12ယဇ်ပုရောဟိတ်သည် ရှင်ဘုရင် သားတော် ကို ပြင် သို့ထုတ်၍ ၊ ရာဇ သရဖူနှင့် ပညတ္တိ ကျမ်းကို တင် လျက် ၊ ဘိသိတ် ပေးလျက် ၊ ရှင် ဘုရင်အရာ၌ချီးမြှောက်ပြီးမှ ရှင်ဘုရင် အသက် တော်ရှင်စေသတည်းဟု လက်ခုပ်တီး ၍ ကြွေးကြော် ကြ၏
Psalms 16:10အကြောင်း မူကား၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ဝိညာဉ် ကို မရဏာ နိုင်ငံ၌ ပစ် ထားတော်မ မူ။ ကိုယ်တော် ၏ သန့်ရှင်း သောသူအား လည်း ပုပ်စပ် ခြင်းကို ရှိ စေတော်မ မူဘဲလျက်၊
Psalms 72:17နာမတော် သည် အစဉ် အမြဲတည် လိမ့်မည်။ နေ သည် တည်သမျှသောကာလ ပတ်လုံး နာမ တော်တိုးပွား လိမ့်မည်။ ကျေးဇူး တော်အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြ၏၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့်မည်။
Psalms 89:36သူ ၏အမျိုးအနွယ် သည် အစဉ် အမြဲတည် ရမည်။ သူ ၏ပလ္လင် သည်လည်း ၊ ငါ့ ရှေ့ ၌ နေ ကဲ့သို့ ဖြစ်ရမည်။
Psalms 119:77ကိုယ်တော် ၏ တရား သည် အကျွန်ုပ် မွေ့လျော် ရာဖြစ်ပါ၏။ ထိုကြောင့် အကျွန်ုပ်အသက်ရှင် မည် အကြောင်း ၊ သနား စုံမက်တော်မူခြင်းသည် သက်ရောက် ပါစေသော။