Isaiah 65:7
သင် တို့၏ ဒုစရိုက် အပြစ်ကို၎င်း ၊ တောင် ပေါ် မှာ လောဗန်ကို မီးရှို့ ၍ ၊ ကုန်း ပေါ် မှာ ငါ့ ကိုကဲ့ရဲ့ သော သင် တို့ဘိုးဘေး ၏ ဒုစရိုက် အပြစ်ကို၎င်း သင်တို့ရင်ခွင် ၌ ငါဆပ်ပေးမည်။ အကယ်စင်စစ်သူ တို့ပြုဘူးသောအကျင့် တို့၏ အကျိုး အပြစ်ကို သူ တို့ရင်ခွင် ၌ ငါခြင် ၍ ပေး မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
6ငါ့ ရှေ့ မှာ စာရင်းမှတ် လျက်ရှိသည်ဖြစ်၍၊ ငါသည် တိတ်ဆိတ် စွာမ နေ၊ အကျိုးအပြစ်ကို ဆပ် ပေးမည်။
Cross References
Exodus 20:5ဦး မ ချဝတ် မ ပြုနှင့်။ အကြောင်း မူကား၊ သင် ၏ဘုရား သခင်ငါ ထာဝရဘုရား သည်၊ သင်၌အပြစ် ရှိသည် ဟု ယုံလွယ်သောဘုရား ၊ ငါ့ ကို မုန်း သောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယ အဆက်၊ စတုတ္ထ အဆက် တိုင်အောင်၊ အဘ တို့၏ အပြစ် ကို သား တို့၌ ဆပ်ပေး စီရင်သောဘုရား၊
Numbers 32:14ယခုမူကား၊ ထာဝရဘုရား သည် ဣသရေလ အမျိုးသားတို့ကို သာ၍ ပြင်းစွာ အမျက် တော်ထွက်စေမည် အကြောင်း၊ သာ၍ ဆိုး သောသူတည်းဟူသောသင်တို့သည် သင် တို့အဘ များကိုယ်စား ပေါ်ထ ကြပြီတကား။
1 Kings 22:44ယောရှဖတ် မင်းသည် ဣသရေလ ရှင်ဘုရင် နှင့် စစ်မတိုက် မိဿဟာယ ဖွဲ့လေ၏။
2 Kings 14:4သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့်၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ ကြ၏
2 Kings 16:4မြင့် သောအရပ်၊ တောင် ပေါ် ၊ သစ်ပင် အောက် တို့၌ယဇ်ပူဇော် ၍ နံ့သာပေါင်း ကို မီးရှို့တတ်၏
Psalms 106:6အကျွန်ုပ် တို့သည် ဘိုးဘေး တို့နှင့်အတူ ပြစ်မှား ကြပါပြီ။ ဒုစရိုက် ကို ပြုကြပါပြီ။ မ တရားသောအမှုကို ပြုကြပါပြီ။