Isaiah 65:8
တဖန်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ စပျစ်သီးပြွတ် ၌ စပျစ်ရည် ကို တွေ့ သောအခါ မ ဖျက် နှင့်၊ မင်္ဂလာ ရှိသည်ဟု ဆို တတ်သကဲ့သို့ ၊ ထိုအတူ ၊ ငါ့ ကျွန် တို့၏ အကျိုးအလိုငှါ ငါပြု မည်။ အကုန် အစင်မ ဖျက်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 6:13ထိုပြည်၌ ဆယ် ဘို့တွင်တဘို့ ကြွင်းသေးသော်လည်း ၊ ထိုအကြွင်းသည် အထပ်ထပ် ဖျက်ဆီး ခြင်းကို ခံ ရ လိမ့်မည်။ သို့ရာတွင်၊ ထင်းရူး ပင်နှင့် သပိတ် ပင်တို့ကို ခုတ်လှဲ ၍၊ သစ်ငုတ် သည် ကြွင်းသကဲ့သို့ ၊ သန့်ရှင်း သော အနွယ် သည် ထိုပြည်၌ အငုတ် ဖြစ်လိမ့်မည်ဟု မိန့် တော်မူ ၏။
Joel 2:14သင်တို့သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား အား ဘောဇဉ် ပူဇော်သက္ကာနှင့် သွန်းလောင်း ရာ ပူဇော်သက္ကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှါ၊ ဘုရားသခင် သည် တဖန် ပြန်လာ၍ နောင်တရ ပြီးလျှင် ၊ ကောင်းကြီး မင်္ဂလာကို ထား ရစ်စေတော်မူမည်မမူမည်ကို အဘယ်သူ သိ နိုင် သနည်း။
Matthew 24:22ထို ကာလ တာရှည် လျှင် အဘယ်သူမျှမ လွတ် နိုင်ရာ။ ရွေးချယ် သောသူ တို့အဘို့ အလို့ငှာထို ကာလ သည် တို လိမ့်မည်။
Romans 9:27ပရောဖက်ဟေရှာယ သည်လည်း ၊ ဣသရေလ အမျိုးကို ရည်မှတ် ၍ ကြွေးကြော် သည်ကား၊ ဣသရေလ အမျိုးသား တို့သည် သမုဒ္ဒရာ သဲလုံး နှင့်အမျှ များ သော်လည်း ၊ ကြွင်း သောသူ တို့သာလျှင်ကယ်တင် တော်မူခြင်းသို့ ရောက်ကြလိမ့်မည်။
Romans 11:24အဘယ်သို့ နည်းဟူမူကား၊ ပကတိ ရိုင်း သော သံလွင်ပင်မှ သင့် ကိုခုတ် ယူ၍ ၊ ကောင်းသော သံလွင်ပင်၌ ပကတိ ကို မလိုက်ဘဲ ဆက် ၍စိုက် သည် မှန်လျှင်၊ ပကတိ အခက်ဖြစ်သော ထိုသူ တို့သည် မိမိ တို့ သံလွင် ပင်၌ ဆက် ၍စိုက်သောအခွင့်ကို သာ၍ ရကြမည် မဟုတ်လော။