Isaiah 7:1
ယုဒ ရှင်ဘုရင် ဩဇိ သား ဖြစ်သော၊ ယောသံ ၏ သား အာခတ် မင်းလက်ထက် ၌ ၊ ရှုရိ ရှင်ဘုရင် ရေဇိန် မင်း နှင့် ဣသရေလ ရှင်ဘုရင် ရေမလိ မင်း၏သား ပေကာ မင်း တို့သည်၊ ယေရုရှလင် မြို့ကိုတိုက် ခြင်းငှါ ချီ လာကြ၏။ သို့ သော်လည်း၊ အကြံ မ မြောက်နိုင် ကြ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Kings 15:27ယုဒ ရှင်ဘုရင် ဩဇိ နန်းစံငါးဆယ် နှစ် နှစ် တွင် ၊ ရေမလိ သား ပေကာ သည် နန်း ထိုင်၍ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို အနှစ် နှစ်ဆယ် စိုးစံလေ၏
2 Kings 16:1ရေမလိ သား ပေကာ နန်းစံ ဆယ် ခုနစ် နှစ် တွင် ယုဒ ရှင်ဘုရင် ယောသံ သား အာခတ် သည် အသက် နှစ်ဆယ် ရှိသော်နန်းထိုင် ၍၊ “
2 Chronicles 28:1အာခတ် သည် အသက် နှစ်ဆယ် ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် ခြောက် နှစ် စိုးစံ လေ၏။ ထိုမင်းသည် အဘ ဒါဝိဒ် ကဲ့သို့ မကျင့်၊ ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို မ ပြု။
Psalms 83:3ကိုယ်တော် ၏ လူစု တဘက် ၌ ပရိယာယ် ကိုကြံ ၍ ၊ ကိုယ်တော် ကွယ်ကာ တော်မူသောသူတို့ တဘက် ၌ တိုင်ပင် ကြပါ၏။
Isaiah 7:4သတိပြု ၍ ငြိမ်သက် စွာနေလော့။ မီးခိုး ထွက် သော ဤထင်း စ နှစ် ခုတည်းဟူသော၊ ရှုရိ မင်းရေဇိန် နှင့် ရေမလိ ၏သား တို့သည် ပြင်း စွာအမျက် ထွက်သော်လည်း၊ မ စိုးရိမ် နှင့်၊ စိတ် မ ပျက် နှင့်။
Isaiah 8:9အချင်းလူ များတို့၊ သင်းဖွဲ့၍မှိုင်တွေ ကြလော့။ ဝေး သောပြည် သားအပေါင်း တို့၊ နားထောင် ကြလော့။ ခါးစည်း ၍ မှိုင်တွေ ကြလော့။ ခါးစည်း ၍ မှိုင်တွေ ကြ လော့။