Isaiah 7:16
ထိုသူငယ် သည် မကောင်း သောအရာကိုမပယ် ၊ ကောင်း သောအရာကို မရွေး မ ယူတတ်မှီ၊ သင် ကြောက် သော ရှင်ဘုရင် နှစ်ဦး အစိုးရသောပြည် သည် စွန့်ပစ် သော အရပ်ဖြစ်လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Kings 15:29ဣသရေလ ရှင်ဘုရင် ပေကာ လက်ထက် ၊ အာရှုရိ ရှင်ဘုရင် တိဂလတ် ပိလေသာသည်လာ ၍ ဣယုန် မြို့၊ အဗေလ ဗက်မာခါမြို့၊ ယာနော မြို့၊ ကေဒေရှ မြို့၊ ဟာဇော် မြို့နှင့်တကွ ဂိလဒ် ပြည်၊ ဂါလိလဲ ပြည်၊ နဿလိ ပြည် သားအပေါင်း တို့ကို လုပ်ကြံ၍၊ အာရှုရိ ပြည်သို့ သိမ်းသွား ၏
2 Kings 16:9အာရှုရိ ရှင် ဘုရင်သည် နားထောင် ၍ ဒမာသက် မြို့သို့ စစ်ချီ ၍ တိုက်ယူ ပြီးလျှင် ၊ ပြည်သားတို့ကို ကိရ မြို့သို့ သိမ်းသွား ၏။ ရေဇိန် မင်းကိုလည်း သတ် ၏
Isaiah 9:11ထာဝရဘုရား သည်လည်း ၊ ထိုသူ တို့တဘက် ၌ ရေဇိန် မင်း၏ရန်သူ တို့ကို ချီးမြှောက် ၍ ၊ ဧဖရိမ်အမျိုး၏ ရန်သူတို့ကို ထစေတော်မူသဖြင့်၊
Hosea 5:9ဣသရေလ အမျိုးအနွယ် တို့ကို ဆုံးမ သတိပေး သောနေ့ ၌ ဧဖရိမ် သည် ပျက်စီး ရ လိမ့်မည်။ ဆက်ဆက်ဖြစ်လတံ့သော အမှုကို ငါဘော်ပြ ၏။
Jonah 4:11ငါ သည် များစွာ သော တိရစ္ဆာန် တို့ကိုမဆို၊ ကိုယ် လက်ျာ လက်နှင့် လက်ဝဲ လက်ကိုမျှ ပိုင်းခြား၍ မ သိ သော သူ တသိန်း နှစ်သောင်းမက ၊ လူ များ သော နိနေဝေ မြို့ ကြီး ကို ငါနှမြော သင့်သည်မ ဟုတ်လောဟု မိန့် တော်မူ ၏။