Isaiah 7:9
သို့သော်လည်း၊ ခြောက်ဆယ် ငါး နှစ် အတွင်း တွင် ၊ ဧဖရိမ် ပြည်ကိုပြည်မဖြစ်စေခြင်းငှါ၊ ချိုးဖဲ့ လိမ့်မည်။ သင်တို့သည်မ ယုံ လျှင် ၊ မ တည် ရကြဟုမိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
10တဖန် ထာဝရဘုရား က၊ သင် ၏ဘုရား သခင်ထာဝရဘုရား ထံ မှာ နိမိတ် လက္ခဏာကိုတောင်းပန် လော့။
Cross References
1 Kings 16:24ရှမာရိ တောင် ကို တောင်ရှင်ရှမေရ ၌ ငွေ အခွက် နှစ်ဆယ်နှင့် ဝယ် ၍ တောင် ပေါ် မှာ မြို့ကိုတည် ၏။ ထိုမြို့ ကို တောင် ရှင် ရှမေရ အမည် ကို အစွဲပြုသဖြင့်၊ ရှမာရိ မြို့ ဟူ၍သမုတ် လေ၏။
2 Chronicles 20:20နက်ဖြန်နံနက် စောစောထ ၍ ၊ တေကော တော သို့ ထွက်သွား ကြ၏။ သွား ကြစဉ် တွင်၊ ယောရှဖတ် သည် ရပ် ၍ ၊ အိုယုဒ ပြည်သူယေရုရှလင် မြို့သား တို့၊ နားထောင် ကြလော့။ သင် တို့၏ဘုရားသခင် ကို ယုံကြည် ကြလော့။ သို့ပြုလျှင် တည်ကြည် ကြလိမ့်မည်။ ပရောဖက် တော်တို့ကို ယုံကြည် ကြလော့။ သို့ပြုလျှင် အောင်မြင် ကြလိမ့်မည်ဟု မိန့် တော်မူ၏။
Isaiah 28:1စပျစ် ရည်နှင့် ယစ်မူးသောသူတို့၏ နေရာကြွယ်ဝ သော ချိုင့် ဦး တွင် ၊ ဧဖရိမ် အမျိုး သေ သောက်ကြူးတို့၏ မာန သရဖူ နှင့်၊ သူ တို့၌ ညှိုးနွမ်း တတ်သော ဘုန်း အသရေ၏ ပန်း ပွင့်သည် အမင်္ဂလာ ရှိ၏။
Acts 27:11သို့သော်လည်း ၊ တပ်မှူး သည်ပေါလု စကား ကို နားမထောင်ဘဲ၊ တက်မ ကိုင်စကားနှင့်သင်္ဘောသူကြီး စကားကိုနားထောင် ၏။
Romans 11:20မယုံကြည် သောစိတ်ရှိသောကြောင့် သူတို့ ကိုချိုးဖဲ့ သည်ဖြစ်၍၊ သင် သည်ယုံကြည် ခြင်းအားဖြင့်သာ တည် ၏။ မာန စိတ် မ ရှိစေနှင့်။ ကြောက် ခြင်းစိတ်ရှိစေလော့။
1 John 5:10ဘုရားသခင် ၏သား တော်ကို ယုံကြည် သောသူ သည်၊ မိမိ အထဲ ၌ ထိုသက်သေ ကိုရ ၏။ ဘုရားသခင် ကို မ ယုံကြည် သောသူ မူကား၊ ဘုရားသခင် ကို မုသာ အပြစ်တင် ၏။ အဘယ်သို့ နည်းဟူမူကား၊ ဘုရားသခင် သည် မိမိ သား တော်၏အကြောင်း မှာ သက်သေခံ တော်မူသောစကားတော်ကို ထိုသူသည် မ ယုံ ဘဲနေ၏။